top of page

မွေးလအလိုက် အမှောင်ကမ္ဘာခြမ်းက Sex Life

Jul 5, 2024

3 min read

1

23

0


ခင်ဗျားတို့ရဲ့ မွေးလဟာ ကိုယ့်ရဲ့ Sex life အကြောင်း အကြမ်းဖျဉ်း ပြောပြနိုင်တယ်လို့ တွေးမိဖူးသလားတော့ မသိ။

တချို့က အိပ်ခန်းထဲမှာ play room ထဲမှာ ခပ်ရွံ့ရွံ့ အရှက်ပိုတတ်သလို တချို့ကျလည်း ကြမ်းမှကြမ်း ရှိတတ်ကြတယ်မလား။ လူတစ်ယောက်နဲ့ တစ်ယောက် အတိအကျ မတူကြသော်လည်း တူညီရာ ယေဘုယျ အချက်တွေလည်း ရှိကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ Zodiac signs တွေအလိုက် bdsm သဘောသဘာဝ တွေအကြောင်း ကျနော် တင်ပေးခဲ့ဖူးပါတယ်။ ခုကတော့ မွေးလ အလိုက် sexual life ရဲ့ သဘောသဘာဝကို ဖတ်ဖူးတာတွေထဲက ပြန်မျှတဲ့ သဘောပါပဲ။


Sexual Life ဆိုတဲ့ အတိုင်း ဒီအထဲမှာမှ ဘယ်လကဖြင့် BDSM စိတ် အများဆုံးလဲ ဆိုတာလဲ သိချင်မယ် ထင်ပါတယ် စာအရှည်ကြီး ရှာဖတ်နေရမှာစိုးလို့ ပြောပြရရင် November မှာ မွေးသူတွေလို့သာ မှတ်ထားပါလေ။

ကိုယ့်အဖော်က sex life မှာ ဘာအထာရှိမလဲ သိချင်သူတွေအတွက်တော့ သူ့ မွေးလသိရင် ဒီမှာ အကြမ်းဖျဉ်း လေ့လာလို့ရနိုင်တာပေါ့။ တစ်ခုတော့ ရှိပါတယ် ဘယ်အရာမှ ပုံသေကားချ မဟုတ်ပါဘူး၊ တစ်ဦးချင်းစီပေါ် မူတည်ပြီး ကွဲပြားခြားနားချက်တွေတော့ ရှိပါလိမ့်မယ်။ ဒီမှာ ရေးပြထားတာတွေက Zodiac signs တွေ လိုပဲ ယေဘုယျ သတ်မှတ်ချက်တွေပါ။

ကဲ စပြီး လေ့လာကြည့်ရအောင် ... ... ...

၁။ January

သူတို့ စိတ်လှုပ်ရှားပြင်းထန် ထကြွလာဖို့ဆိုရင် right person ကပဲ တတ်နိုင်ပါသတဲ့။ ပုမှန်ဆိုရင်တော့ sex life မှာ လှေကြီးထိုး ရိုးရိုးတွေပါပဲ၊ ကိုယ်ပိုင် အယူအဆလေးတွေနဲ့ပဲ ရှေ့ဆက်လေ့ ရှိပါတယ်။ ဒါပေမယ့် အခန်းထဲမှာ ထူးဆန်းတဲ့ ရူးသွပ်ချင်စရာ ကောင်းတဲ့ Kinky တွေကို မွေ့လျော်နိုင်ချေလည်းရှိပါတယ်။ အဲလို ဖြစ်လာဖို့တော့ သူတို့ရဲ့ အတွင်းစိတ်တံခါးကို သော့ဖွင့်ပေးမယ့် right person လိုပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် virgin ဘဝနဲ့ ကိုယ့် right person ကို စောင့်ရမယ်ဆိုလည်း ဝန်မလေးတတ်သလောက် အဲလို ဖွင့်ပေးသူနဲ့သာ တွေ့သွားရင် ကြမ်းပေ့ ဆန်းပေ့ဆိုတဲ့ BDSMer တွေ ငုတ်တုတ်မေ့လောက်အောင် သူတို့ fantasy တွေက ဆန်းကြယ်နိုင်ပါသတဲ့။ ခက်တာ တစ်ခုက သူတို့ရဲ့ အတွင်းပိုင်းစိတ်ထဲထိ နက်နက်နဲနဲ ဆက်သွယ်နိုင်သူကသာ သူတို့ရဲ့ right person ဖြစ်လာပါလိမ့်မယ်။


၂။ February

စွန်းစားမှုကို ကြိုက်ကြသူများ ဖြစ်ပါတယ်။ sex life မှာ ပြင်းထန် တက်ကြွသူတွေ ဖြစ်တတ်ကြတယ် ဆိုပေမယ့် သူတို့လူရွေးပုံကကျ စိတ်လှုပ်ရှားစရာ အပေါ် အခြေခံပါတယ်။ ရင်ခုန်စရာတွေကို ကြိုးစားဖန်တီးရင်း သူတို့ရဲ့ အတွင်းပိုင်း စိတ်တက်ကြွမှုကို ရအောင် လုပ်မှ ဒီ၂လပိုင်း မွေးသူတွေရဲ့ အဖော်မွန် ဖြစ်လာနိုင်ပါတယ်။

အဲလို လူမျိုး မတွေ့ရင်တော့ သူတို့ဟာ ဘယ်သောအခါမှ သူတို့ရဲ့ အတွင်းပိုင်းကို အပြည့်အဝ ဖွင့်ဟလာမှာ မဟုတ်သလို သူတို့ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုဆန်ဆန် fantasy တွေကို သိရမှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ ဖွင့်ဟလာရင်တော့ ခင်ဗျားဟာ သူရဲ့ adventure ထဲမှာ စီးမျောဖို့သာ ပြင်ထားပေတော့ပဲ။


၃။ March

အိပ်ယာကြိုက်သူများလို့ ယေဘုယျ ဆိုကြပါစို့...။ အိပ်မယ်၊ ချက်မယ် (sexting)၊ လိင်ဆက်ဆံမယ် အားလုံးကို သဘောကျကြပါသတဲ့။ အိပ်ယာကြိုက်တယ်ဆိုလို့ အပျင်းတွေလို့တော့ မထင်လိုက်ပါနဲ့၊ မတ်လ မွေးသူတွေဟာ ပျင်းတယ်ဆိုတာရဲ့ အဝေးကြီးမှာ ရှိပါတယ်။ သူတို့ကြိုက်တာက အိပ်ယာပေါ်က လုပ်ရတဲ့ ကိစ္စတွေကိုပဲ ကြိုက်တာပါ။

လိင်မှုနဲ့ ပတ်သက်လာရင်တော့ သူတို့ဖက်က ပေးလို့ရသမျှ အကုန်ပေးမယ့်သူတွေလို့ ဆိုပါတယ်။ ခင်‌ဗျားရဲ့ ရုပ်ပိုင်း လိင်ပိုင်း (bdsm limit) တွေကိုတောင် ကျော်လွန်ပြီး ခံစားလာနိုင်ဖို့ အထောက်အကူပြုမယ့် သူတွေပေါ့လေ။ ဒီလို မတ်လမွေးတဲ့သူတွေက သူတို့လို စိတ်မျိုးရှိတာကို ပိုသဘောကျတာမို့ မတ်လမွေးချင်း မှ အိုကေကြတယ်ဆိုရင်လည်း မထူးဆန်းပါဘူး။


၄။ April

ပြင်းထန်လေးနက်ကြသူများ ဖြစ်ပါတယ်။ အမျိုးသမီးဆိုရင်တော့ တင်စားပြီး သေစေနိုင်တဲ့သူ (Femme Fatale) လို့တောင် ညွှန်းနိုင်ပါသတဲ့။ အိပ်ယာထဲမှာတော့ တကယ်ကို ဆွဲဆောင်မှုရှိပြီး ပြင်းပြင်းထန်ထန် နေကြသူများပါ။ ခပ်မြန်မြန်ပဲ စိတ်လှုပ်ရှား တက်ကြွတတ်ကြပေမယ့် သူတို့အတွက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းမယ့် နေရာရှာဖို့လည်း သိပ်ဝန်မလေးပါဘူး။

အခန်းထဲက ဆက်ဆံရေးဟာ သူတို့အတွက် စွဲဆောင်မှုမရှိဘူးဆိုရင် (RS က အလုပ်မဖြစ်တော့ဘူးလို့ ယူဆရင်) ခင်ဗျားကို ဆွဲထားမှာ မဟုတ်ပါဘူး။ လွှတ်ချထားခဲ့ပြီး သူတို့နဲ့ ကိုက်မယ့် အဖော်ကို ရှာပါလိမ့်မယ်။ ဧပြီလမှာ မွေးသူတွေဟာ လိင်ဆက်ဆံမှုမှာ အရမ်းအရမ်းကို ပြင်းထန်လွန်းလှသူတွေလို့ ဆိုပါတယ်။


၅။ May

လိင်ဆက်ဆံမှုထဲက အလှတရားကို ရှာဖွေခံစားကြသူများ ဖြစ်ပါတယ်။ လိင်မှုကိစ္စ ကစားနည်း အထွေထွေထဲကနေမှ လိုအင်ဆန္ဒတွေနဲ့ ပတ်သတ်ရင် ခံစားနားလည်နိုင်စွမ်း အရမ်းကို မြင့်ကြပါတယ်။ BDSM ဆိုတာထက် သူတို့အတွက် လိင်မှုဘဝမှာ နွေးထွေးပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးတဲ့သူကိုပဲ ရွေးချယ်လိုကြပါတယ်။

Sexy ကျကျ ဝတ်ဆင်ရတာကို သဘောကျတတ်ကြသလို အမွှေးနံသာတွေကိုလည်း သဘောကျတတ်သူတွေမို့ လိင်ဆက်ဆံမှုမှာတောင် နူးညံ့ပြီး အလှတရားတွေနဲ့ ထုံမွှန်းချင်ကြတာပါ။ အရမ်းကို perfect ဖြစ်ချင်သူတွေမို့ အများကြီး မျှော်လင့်တတ်ကြတာကြောင့် မေလဖွားကို ချစ်မိရင် ခင်ဗျားဖက်က ဂရုစိုက်နိုင်မှ တော်ကာကျပါလိမ့်မယ်။


၆။ June

သူတို့ကို အထူးတလည်သတ်မှတ်ရရင်တော့ All in one လို့ပဲ ဆိုရပါလိမ့်မယ်။ ပွင့်လင်းတယ်၊ လိင်မှုကိစ္စ အားလုံးကို သဘောကျတယ်၊ ဒီလို လုပ်ပေးနိုင်သူနဲ့ဆို ဘာလာလာ‌ဒေါင်းပါပဲ။ သူတို့ရဲ့ အကောင်းဆုံး အပိုင်းကတော့ လိုချင်တာနဲ့ ပတ်သက်ရင် ရှက်မနေဘူး၊ လိုချင်တာကို ရအောင်ယူလေ့လည်း ရှိတာပါ။

လူမှုဆက်ဆံရေးလည်း ကောင်းကြပြီး အိပ်ယာအပြင်မှာပါ မိတ်ဆွေပေါကြပါတယ်။ ညစ်တီးညစ်ပတ် (dirty talk) ရယ် sexting တွေရယ်နဲ့ ပတ်သက်ရင် ဆရာတစ်ဆူတွေပါ။ sex နဲ့ ပတ်သက်ရင် ဘာဖြစ်ဖြစ် အကုန်လိုချင်တယ် လိုချင်လို့ အကုန်လုပ်တယ်ဆိုတဲ့ သူတွေပေါ့လေ။


၇။ July

စိတ်ချင်းယှက်နွယ်ကြသူများ ဖြစ်ပါတယ်။ ဇူလိုင်လဖွားတွေအတွက်ကတော့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုကသာ လိင်မှုကိစ္စအတွက် အ‌ရေးအပါဆုံး ဖြစ်ပါတယ်။ ခဏတဖြုတ် (one night stand) လိုမျိုးထက် သူတို့ရဲ့ အဝတ်အစားကို ချွတ်စေမယ့်သူဟာ ဘယ်လိုလူမျိုးလဲလို့ သိချင် သေချာချင်ကြသူတွေပေါ့။

သူတို့နဲ့ စိတ်ပိုင်းဆိုင်ရာအရ ဆက်နွယ်နိုင်ပြီဆိုရင်တော့ အဲဒီလူဟာ လိင်မှုကိစ္စမှာ ကျေနပ်မှု တွေပဲ တစ်လျှောက်လုံး ခံစားရပြီလို့ ဆိုနိုင်ပါပြီ။ သတိထားရမှာက လိင်မှုကိစ္စကို အပျော်အနေနဲ့ မလုပ်ကြပဲ၊ သူတို့ကိုယ်တိုင် နှစ်နှစ်ကာကာ ချစ်မိ (madly in love) မှပဲ လိုသမျှ ပေးမယ့်သူတွေ ဖြစ်နေတာပါ။


၈။ August

ဆရာလုပ်တာ မကြိုက်ကြတာကတော့ သြဂုတ်လဖွားတွေ ဖြစ်ပါတယ်။ သူတို့ စရိုက်ဟာ ထူးထူးဆန်းဆန်း ဆန့်ကျင်ဖက် အစွန်းကို သွားကြပါတယ်။ အတ္တကြီးလွန်းတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် အလွန် စိတ်သဘောထားကြီးကြ ပါသတဲ့။

အမိန့်ပေးခံရတာ သူတို့ကို dominate လုပ်တာကို မကြိုက်ကြပါဘူး။ ဒါကြောင့် August အများစုဟာ Top role သမားတွေလို့ ဆိုနိုင်ပါတယ်။ တစ်ဖက်လူက ခိုင်းတာ မကြိုက်သလို တစ်ဖက်လူအတွက် လုပ်ပေးရမှာကိုလည်း မမေးချင်ပဲ ကိုယ့်ဖာသာ အဖြေရှာလေ့ရှိတာကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ ခက်သူတွေပါ။ ကိုယ့်အဖော်သာ သြဂုတ်လဖွားဆိုရင် အိပ်ခန်းထဲမှာ လွင့်ပျံသွားအောင် ခံစားရမလား အငွေ့ပျံလောက်အောင် ပျင်းရိရမလားဆိုတာ ကံစမ်းသလိုသာ မှတ်ပါလေ။


၉။ September

အိပ်ခန်းထဲမှာတော့ ကြမ်းမှချစ်တယ် ဆိုတာ စက်တင်ဘာမွေးတွေပါပဲ။ တစ်ဖက်မှာတော့ သူတို့ရဲ့ စိတ်ကို ထိန်းချုပ်နိုင်စွမ်းက မြင့်လေ့ ရှိတာမို့ လိင်မှုကိစ္စ ပြီးမြောက်ဖို့ဆို အားထုတ်မှုတွေ ပိုလိုပါတယ်။ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံဖို့ဆို အချိန်တစ်ခုယူ ပေမယ့် စပြီဆိုရင်တော့ ပြီးတဲ့အထိ ကြမ်းပါတယ်။

သူတို့ရဲ့ အဖော်အဖို့ကတော့ စက်တင်ဘာဖွားတွေနဲ့ လိင်မှုကိစ္စမှာ အဆင်ပြေဖို့ အချိန်ကြာကြာ ယူရပါလိမ့်မယ်။ ဒီလမွေးသူတွေက သူတို့အဖော်ဟာ စိတ်ကျေနပ်စရာကောင်းရဲ့လားဆိုတာ သေချာဆန်းစစ်မှာမို့ ဖြစ်ပါတယ်။


၁၀။ October

ပြီးတာတောင် မပြီးသေးတဲ့ သူတွေက ဆယ်လပိုင်း မွေးသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လိင်ဆက်ဆံမှု ပြီးမြောက်တာတောင်မှ နောက်ဆက်တွဲ (after sex feeling or aftercare) အထိ စိတ်က ဆက်လက်ခံစားရတာကို ကြိုက်ကြပါတယ်။ BDSM or Kinky သမား မဟုတ်တာတောင်မှ ဆက်ဆံပြီးသွားရင် after care ချင်ကြတာ သူတို့ရဲ့ တပါးသူအပေါ် ဂရုစိုက်ပေးချင်တဲ့ စရိုက်က လာတာ ဖြစ်ပါတယ်။

အာရုံခံစားမှုမြင့်မားပြီး အချစ်နဲ့ လိင်မှု ဘဝကို ရောမွှေခံစားလိုကြတာမို့ ခင်ဗျားသာ ပြီးတာနဲ့ ထထွက်ချင်သူဆိုရင် သွားမစတာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလို ဆက်ဆံပြီး ကစားပြီး ပြီးမြောက်သွားတာတောင် ဆက်ပြီး aftercare နေတာဟာ နောက်တစ်ကြိမ်အတွက် သူတို့ အားယူနေတာ ဖြစ်နေလို့ပါ။


၁၁။ November

အစောပိုင်းက ရေးခဲ့သလိုပဲ ဒီလဖွားတွေကတော့ kinky နဲ့ပတ်သက်ရင် တခြားလဖွားတွေထက် ပိုပြီး ပြင်းထန်တဲ့ ခံစားမှုရလိုတဲ့ သူတွေ ဖြစ်ပါတယ်။ သူရဲ့ လိင်မှုဘဝမှာ အရာရာတိုင်းဟာ ကျေနပ်စရာချည်း ဖြစ်ချင်ကြပါတယ်။ သူတို့အဖော်နဲ့ စိတ်တွေ လွင့်ထွက်သွားလောက်အောင် ကစားဖို့ ဆိုရင် သူတို့ ပေးနိုင်သမျှ အကုန်ပေးမယ့် သူတွေပါပဲ။

တကယ်လို့များ ကိုယ့်အဖော်ဟာ နိုဝင်ဘာမွေးသူ ဆိုရင် သတိထားကြည့်ပါ။ သူရဲ့ sex life ဟာ သိပ်မထူးဆန်းဘူး (bdsm မဟုတ် vanilla သမား ဖြစ်နေတယ်လို့) ခင်‌ဗျားထင်ရင်၊ သေချာတယ်၊ သူ့စိတ်ကြိုက် မစမ်းရသေးတာတွေ ရှိနေလို့ လို့သာ သဘောပေါက်လိုက်ပါ။


၁၂။ December

နားလည်ရ အခက်ဆုံးသူများလို့ ခေါင်းစဉ်တပ်နိုင်ပါတယ်။ သူတို့ဟာ လူကြားသူကြားထဲပဲ ဖြစ်ဖြစ် ကိုယ့်အဖော်နဲ့ပဲ ဖြစ်ဖြစ် လိင်ဆက်ဆံမှုနဲ့ ပတ်သက်ရင် သိပ်စိတ်ဝင်စားပုံ မပြတတ်ကြပါဘူး၊ ရှေးရိုးစွဲ သမားလို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် သူတို့ နှစ်သက်တဲ့ အရာတစ်ခုတော့ ရှိပါတယ် Role play ပါ။

သူတို့ဟာ တွေးခေါ်ဖန်တီးနိုင်စွမ်း မြင့်ကြတာကြောင့် သူတို့နဲ့သာ role play ကစားကြမယ်ဆိုရင် လိင်ဆက်ဆံတာ သဘောမကျပါဘူးဆိုတဲ့ ဒီလဖွားတွေဟာ ပျော်ရွှင်ကျေနပ်စရာ ကောင်းဆုံးသော လိင်ဆက်ဆံဖက် တွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ တစ်ခုတော့ ရှိပါတယ်၊ သူတို့ရဲ့ အတွင်းပိုင်းစိတ်ကို နားလည်နိုင်ဖို့ ကြိုးစားရတာ ခက်ပါတယ်။


Conclusion: ဒါတွေအားလုံးကတော့ သိမ်းထားမိတဲ့ ဆောင်းပါးတွေထဲက စုပေါင်းစပ်ပေါင်း ‌ရေးထားတာပါ။ ကိုယ့်အဖော်ရဲ့ မွေးလသိရင် အကြမ်းဖျဉ်းမှန်းကြည့်လို့ ရမယ်၊ ကိုယ့် sex life အတွက် အထောက်အကူဖြစ်မယ် ထင်ပါတယ်။ အဲ ထပ်ပြောရရင်တော့ အပေါ်က အချက်တွေအားလုံးဟာ လူတိုင်းအတွက် မှန်တယ်တော့ မဟုတ်ပါဘူး၊ ယေဘုယျ ပြုချက်မို့ ကွဲလွဲချက်တွေလည်း ရှိနိုင်ပါတယ်။


Comments

Share Your ThoughtsBe the first to write a comment.
bottom of page