top of page

ဘာလို့ နာကျင်မှုကနေ ကျေနပ်မှုရတာလဲ?

Dec 30, 2024

1 min read

0

12

0


Masochist တစ်ယောက်အတွက်တော့ သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး၊ BDSM မှာ ဒါက လုပ်ရိုးလုပ်စဉ် တစ်ခုပါပဲ။ ဒါပေမယ့် တခြားသူတွေအတွက်တော့ နားလည်ရ ခက်နေနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ 

ဒီတော့ သာမန်လူ (BDSMer မဟုတ်သူ) တွေက နာကျင်တာကိုများ ခင်ဗျားက ဘာလို့ ကြိုက်တာလဲလို့ မေးလာရင် ဘယ်လို ဖြေကြမလဲ???


ကျနော်လည်း ဒီအကြောင်းတွေ သိမလာခင်ကတော့ ဒီလိုပဲပေါ့... သဘောကျတယ် မိုက်တယ်ပေါ့။ အဲဒါထက်ပိုပြီး ဘာပြောရမှန်းလည်း မသိခဲ့ပါဘူး။ နောက်ပိုင်းတော့ ဘာကများ ဒီလိုတွေ ဖြစ်စေတာလဲဆို လိုက်ရှာဖွေ ဖတ်ရှုရတာပါပဲ။

ဒီပို့စ်မှာတော့ နာကျင်မှုမှသည် ကျေနပ်မှု (pain into pleasure) အကြောင်း သိမိလေ့လာမိသမျှ ကို ပြန်မျှလိုက်ပါတယ်။ 


နာကျင်မှု pain ဆိုတာ ... 


နာကျင်မှု Pain ကိုခံစားရတယ်ဆိုတာ ခန္ဓာကိုယ်က အာရုံကြောတွေကို ထိခိုက်စေတဲ့ နှိုးဆွမှု ဖြစ်စဉ်ကနေ လာတာ ဖြစ်ပါတယ်။ nociception လို့လည်း ခေါ်ပါတယ်။ ဒါကို ဖြစ်စေနိုင်တဲ့ အရာ ၃ ခု ရှိပါတယ်။ 

တစ်ခုက ဓာတုဗေဒ ပစ္စည်းတွေ ဖြစ်ပါတယ်၊ (စားလောင်တတ်စေသော အက်စစ် စသဖြင့်ပါ)။ နောက် တစ်မျိုးကတော့ ပစ္စည်းကိရိယာတွေ ဖြစ်ပါတယ်။ (အဲဒါတွေက အရေပြားကို ပွန်းပဲ့ ပြတ်တောက်စေတာမျိုးတွေပေါ့)။ နောက်ဆုံး တစ်မျိုးကတော့ အပူအအေး ဖြစ်ပါတယ် (မီး/ရေခဲ)။ 


ခန္ဓကိုယ်က အာရုံကြောတွေကို ဒီလို အရာတွေနဲ့ ထိတွေ့မှုတွေ ဖြစ်တဲ့အခါမှာ အဲ့ဒီ အာရုံကြောတွေကနေ ဦးနှောက်ကို သတင်းပို့ပါတယ်။ ဦး‌နှောက်ကနေ ဒီနာကျင်မှုတွေကို ရပ်အောင်လုပ်ဖို့ (သို့) ရှောင်ဖို့အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ညွှန်ကြားချက် ပြန်ပို့ပါတယ်။ (လက်ကို အပူလောင်တဲ့အခါ ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ နမူနာအတိုင်းပေါ့)။ 


ဒါ့အပြင် နာကျင်မှုကို ခံစားလိုက်တိုင်း ဦးနှောက်က ညွှန်ကြားချက်တွေ ထုတ်တာအပြင် ခန္ဓာကိုယ်က တုံ့ပြန်မှုတွေလုပ်ဖို့ လှုံ့ဆော်ပေးတာလည်း ရှိပါသေးတယ်။ နာကျင်မှုကို တုံ့ပြန်တဲ့အနေနဲ့ endorphins, serotonin, melatonin, epinephrin, norepinephrine တွေလို ဟိုမုန်းတွေ ထုတ်ပေးစေတာပါ။ 


သူတို့က ဘာလုပ်လဲဆိုရင် နာကျင်မှုကို သက်သာအောင် ခံနိုင်အောင်နဲ့ လိုအပ်တဲ့ ပြန်လည်ပြုမူမှုတွေ လုပ်နိုင်အောင်ပါပဲ။ ခင်ဗျား နာကျင်ချိန် ဆိုရင် နာကျင်မှုကို တုံ့ပြန်တိုက်ခိုက်မယ့် (ဒါမှမဟုတ်) ထွက်ပြေးရမယ့် စွမ်းအင်တွေကို ဦး‌နှောက်က မြှင့်ပေးလိုက်တယ်ပေါ့ဗျာ။


အဲဒီမှာ နာကျင်မှုကနေ ကျေနပ်မှုအကူးအပြောင်းက စပ်ဆိုင်လာတာပါပဲ။ ဟိုမုန်းတွေထုတ်ခြင်းဟာ တစ်ဖက်မှာတော့ လူတွေရဲ့ လိင်မှုဘဝကို သက်ရောက်နိုင်စွမ်းတွေ ရှိပါတယ်။ အထူးသဖြင့် serotonin နဲ့ adrenaline တို့က ခင်ဗျားရဲ့ လိင်မှုဆိုင်ရာ တက်ကြွလာအောင် ခင်ဗျားနာကျင်နေချိန်မှာတောင် လုပ်ပေးနိုင်တဲ့ ဟိုမုန်းတွေ ဖြစ်ပါတယ်။ 


BDSM နည်းတွေထဲက နာကျင်မှုကနေ ကျေနပ်မှုကို ဘယ်လိုသွားလဲ?


Pain ကို တဖြည်းဖြည်းချင်း မြှင့်တင်ပေးခံရတာ၊ ဒါမှမဟုတ် အချိန်အတိုင်းအတာ တစ်ခုအတွင်း နာကျင်မှုကို ရယူခံစားတဲ့ အခါမှာ တချို့သောသူတွေအဖို့ endorphins ဟိုမုန်းအများကြီး မြင့်တက်လာပါတယ်။ (ဒီဟိုမုန်းက နာကျင်မှုကို လျော့စေ၊ သက်သာစေပြီး ကောင်းမွန်တဲ့ ခံစားမှုဖြစ်အောင် လုပ်ပေးတဲ့ သဘောပါ)။ ဒီလို အချိန်မှာ ရှိနေတဲ့သူဟာ Subspace ထဲ မျောပါသွားတယ် ဆိုတဲ့ သဘောဖြစ်သွားတော့တာပါပဲ။

တစ်ယောက်နဲ့ တစ်ယောက်တော့ ဒီဂရီအတိုင်းအဆ မတူနိုင်ဘူးပေါ့လေ။ 


ဒါလောက်ဆိုရင်တော့ နာကျင်မှုမှသည် ကျေနပ်သာယာမှု (သို့) sexual pleasure ကို ရယူခံစားခြင်းသဘောကို အကြမ်းဖျဉ်းတော့ ရှင်းသွားမယ် ထင်ပါတယ်။ 


ကျနော်တို့ ဘဝမှာလည်း နာကျင်မှုတွေကနေမှ လူတွေက ပိုရုန်းကန်လာကြရတာ သဘာဝ တရားပါ။ 


NO PAIN, NO GAIN


Comments

Share Your ThoughtsBe the first to write a comment.
bottom of page