top of page

Tantric Sex မိတ်ဆက်

Jul 9, 2024

2 min read

3

30

0

ဟိုရက်က emotional block အကြောင်းရေးတဲ့ စာစုမှာ တန္တရလိင် ကျင့်စဉ်အကြောင်းထည့်ရေးခဲ့ပါတယ်။

ဒီစာက အဲဒီအကြောင်း မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ်။ (အသေးစိတ်တော့ မဟုတ် အကြမ်းဖျဉ်းပေါ့ဗျာ။)


ဘာလဲ တန္တရလိင်ကျင့်စဉ် ဆိုတာ?


သူက ရှေးဟောင်း ဟိန္ဒူအယူဝါဒ တမျိုးက ဆင်းသက်လာတာ ဖြစ်ပြီး သင်္ကရိုက်ဘာသာက လာတဲ့ တန္တရ (Tantra or tantric) ဆိုတာ ရောယှက်ဆက်နွယ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

လူသားတွေကြားမှာ ရှိတဲ့ အမျိုးသား အမျိုးသမီး စတဲ့ လိင်ကွဲတွေဟာ ရောယှက်ဆက်နွယ်ရာကနေ ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ အထွဋ်အထိပ်ရယူပြီး မကောင်းတာတွေ ကြေပျက် ကောင်းမွန်မှုတွေ ရယူတဲ့ ကျင့်စဉ်တွေလို့ ဆိုနိုင်ပါတယ်။

အတ္တတွေရဲ့ အလွန်မှာရှိတဲ့ ကျေနပ်မှုကို ရှာဖွေတာလို့လည်း ပြောနိုင်ပါတယ်။


အစောပိုင်းကာလ ဒီအတွေးအခေါ် သန္ဓေတည်ရာကနေ ဂိုဏ်းတွေ ဖြာထွက်လာရာမှာ လိင်မှုကိုပဲ ဦးစားပေးတဲ့ Tantric sex လည်း အပါအဝင် ဖြစ်ပြီး။ တခြားသော ကျင့်စဉ်တွေကတော့ ယုံကြည်ရာ တစ်စုံတစ်ခုကို ကိုးကွယ်ရင်း စိတ်ရဲ့လွတ်မြောက်မှု ကို ရှာတာ၊ မန္တာန်တွေ တီထွင်ဖန်တီး ရွတ်ဖတ်တာတွေလည်း တစ်ခုအပါအဝင်ပါပဲ။


ဒီမှာကတော့ tantric sex ကိုပဲ ပြောချင်တာကြောင့် တခြား အယူအဆတွေ ထည့်မရေးတော့ပါဘူး။

Tantric Sex ကို Yoga Sex လို့လည်း တချို့က ခေါ်ကြပါသေးတယ်။ ဒီကျင့်နည်းတွေဟာ လိင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အားအင်၊ နှစ်သက်မြတ်နိုးမှု၊ ဆန္ဒတွေကနေ တစ်ဆင့် ဘဝအတွက် ကောင်းမွန်မှု တန်ဖိုး၊ စိတ်ဝိဉာဉ်အတွက် ခိုင်မာမှုတွေ ရယူဖို့ ရည်ရွယ်လိုရင်းပဲ ဖြစ်ပါတယ်။


ဒါကြောင့် ဘာသာရေး အယူတစ်ခုဆိုတာထက် ကိုယ့်ရဲ့ ဘဝ သာယာဖို့အတွက် လုပ်ကြည့်သင့်တဲ့ လမ်းစဉ်တစ်ခုလို့ ယူဆနိုင်ပါတယ်။


အန္ဒိယက တန္တရလိင်ကျင့်စဉ်ပုံတွေ ထွင်းထုထားတဲ့ Kandariya Mahadeva temple

Tantric Sex မှာ ဘာတွေ လုပ်ကြလဲ?

BDSM နဲ့ မတူကွဲပြားမှုက ဒီနည်းလမ်းဟာ နူးညံ့ညင်သာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ဦးစားပေးတာ ဖြစ်ပါတယ်။ တန္တရလိင်ဆက်ဆံမှုမှာ ထိုးသွင်းဆက်ဆံခြင်း ပါချင်မှ ပါလိမ့်မယ်။ ဒါပေမယ့် အားလုံးသော လုပ်ကိုင်ဆောင်ရွက်မှု တွေကတော့ လိင်ခံစားမှုနဲ့ ဆက်နွယ်ထားပါတယ်။


တခြားအရာတွေ အားလုံးကို မေ့ထားပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းက လက်ရှိ ခံစားမှုကိုပဲ အာရုံ စူးစိုက်ထားရပါတယ်။ ဥပမာပြောရရင် ကိုယ့်အဖော်ရဲ့ ခန္ဓာကိုယ်ကနေ လာတဲ့ နူးညံ့တဲ့ အထိအတွေ့ ရယူခံစားရတာတွေကို အာရုံစိုက်ထားတာ မျိုးပေါ့။

ဘယ်လို ပုံစံမျိုးတွေနဲ့ လေ့ကျင့်ကြလဲ?

ပုံစံ စတိုင်တွေရယ်လို့ သတ်မှတ်ထားတာကို googling လုပ်ကြည့်နိုင်ပါတယ် (မဟုတ်ရင် post က ရှည်လျားထွေပြားလွန်းတော့မယ်)။ ဒီမှာတော့ အရေးပါတဲ့ နည်းတချို့ကိုပဲ ရေးထားပါတယ်။


၁။ ပြင်ဆင်ခြင်း


ကိုယ်တိုင်က နေရာထိုင်ခင်းနဲ့ ခန္ဓာကိုယ်ကို ပြင်ဆင်မှု ပြုလုပ်ဖို့ လိုပါတယ်။ နေရာထိုင်ခင်းဆိုရာမှာ အခန်း၊ လိုအပ်တဲ့ အလင်းရောင် (အာရုံစူးစိုက်မှု အားကောင်းအောင်၊ ဥပမာ ဖယောင်းတိုင်မီး) စတဲ့ ကိုယ်လုပ်ချင်တဲ့ နည်းအတွက် သင့်တော်သလို ပြင်ဆင် ဆောင်ရွက်တာ ဖြစ်ပြီး၊ ခန္ဓာကိုယ် ဆိုရာမှာလည်း ရေချိုးခြင်းက စလို့ shaving လုပ်ထားတာမျိုး အထိ ကိုယ်သွားချင်တဲ့ ပုံစံအတွက် လိုက်ဖက်အောင် ပြင်ဆင်ခြင်းပါပဲ။

ရည်ရွယ်ချက် ဥပမာ တစ်ခုကို ပြောပြရရင် “ငါ သူ့ကို ဘယ်လောက်ချစ်ကြောင်း ငါ့ခန္ဓာကိုယ်နဲ့ ပြမယ်၊ (သို့) ငါ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ခံစားချင်တယ်” ဆိုတဲ့ ပန်းတိုင် တစ်ခု သတ်မှတ်တာမျိုး ဖြစ်ပါတယ်။


၂။ မျက်လုံးချင်းဆုံ စူးစိုက်ကြည့်ခြင်း

မျက်လုံးကို ဖွင့်ထားသော တံခါးတစ်ချပ် အဖြစ် အသုံးပြုတာပါပဲ။ အတွင်းစိတ်ထဲက ခံစားချက်တွေ လိုချင် တောင်တမှုတွေကို တစ်ဦးနဲ့ တစ်ဦး မျက်လုံးချင်း ဆိုင်ကြည့်ပြီး ဖွင့်အံ့တဲ့ ကျင့်ကြံမှုပါ။ အချိန်အနည်းငယ် စိုက်ကြည့်ပြီး မျက်လုံးကို မှိတ်အာရုံခံစား လုပ်ပေးခြင်းအားဖြင့် အတွင်းပိုင်းက ရမက်ကို နှိုးဆွမောင်းနှင်ဖို့ ကြိုးစားတာပါပဲ။

မျက်နှာချင်းဆိုင် ထိုင်တာ/ရပ်တာ ကြိုက်တဲ့ ပုံစံနဲ့ လုပ်နိုင်ပြီး နှစ်ဦးသားရဲ့ လက်တွေကလည်း တစ်ဦးနဲ့ တစ်ဦး ထိတွေ့ကိုင်တွယ်တာမျိုး လုပ်လေ့ရှိပါတယ်။


၃။ တန္တရမာဆတ်

ဒါကတော့ ရှင်းပါတယ်။ နှိပ်နယ်ခြင်းပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ ပြီးမြောက်မှုဆီ သွားဖို့ပါပဲ။ တစ်လှည့်စီ နှိပ်နယ်ပေးခြင်းအားဖြင့် နှစ်ဦးစလုံးရဲ့ လိင်မှု ဆန္ဒ အထွဋ်အထိပ်ကို ရောက်ဖို့ ကြိုးစားကြရပါတယ်။

ခန္ဓာကိုယ်တစ်လျှောက် နှိပ်နယ်ထိတွေ့မှုကို ခံစားတဲ့ နည်းတူ လိင်အင်္ဂါတွေအပေါ် ထိတွေ့ နှိပ်နယ်မှု (hand job နဲ့ ခပ်ဆင်ဆင်ပေါ့လေ) ကို အာရုံစူးစိုက် ခံစားပါတယ်။ (အဖော်နဲ့မှ မဟုတ်ပါဘူး၊ တစ်ဦးတည်းလည်း ဒီကျင့်စဉ်တွေကို လေ့ကျင့်လို့ ရပါတယ်။)

ဒါတွေကတော့ အကြမ်းအားဖြင့် တန္တရလိင်မှုကျင့်စဉ်အကြောင်း တစေ့တစောင်းပါပဲ။ ရှေးဟောင်း အယူဝါဒကနေ ဖြာထွက်လာတဲ့ ဒီနည်းကို Yoga sex လို့ ခေါ်ဝေါ်ကြသလို Neotantra လို့လည်း တချို့က ညွှန်းကြပါတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာထက် လိင်မှုဆိုင်ရာ ကျင့်စဉ်ကိုပဲ စောင်းပေးထားလို့ ဖြစ်ပါတယ်။


စာက အနည်းငယ်လောက် အီချင်စရာ ကောင်းချင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် တချို့တွေအတွက် အသုံးဝင်နိုင်တယ်လို့ ယူဆမိလို့ ရေးလိုက်ပါတယ်။

Comments

Share Your ThoughtsBe the first to write a comment.
bottom of page