
အများစုသော သူတွေ (BDSMer ရော vanilla) တွေပါ submissive တွေနဲ့ ပတ်သက်ရင် လွဲမှားနေတဲ့ ယူဆချက်တွေရှိတတ်ကြပါတယ်။ တချို့သော submissive တွေကိုယ်တိုင်က လွဲမှားတဲ့ ခံယူချက်တွေနဲ့ ကျင်လည်နေတာလည်း တွေ့ရပါတယ်။ ခုမှ စ စမ်းချင်တဲ့ sub တွေအဖို့ဆို ပိုတောင် မှားယွင်းယူဆသွားနိုင်တာပေါ့လေ။ ဒါကြောင့် ဒီစာစုကို ရေးဖြစ်ပါတယ်။
၁။ Sub တွေဆိုတာ အားနည်းပျော့ညံ့တယ် (Submissive are weak)
Sub ဆိုတာ သဘာဝအားဖြင့်ကို တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှု၊ ဦးဆောင်မှု၊ အမိန့်ပေးမှုတွေကို လိုလားနှစ်သက်တတ်ကြတာ မှန်ပေမယ့် ဒါကို အားနည်းပျောညံ့တယ် (Weak) ဖြစ်တယ်လို့ ပြောလို့မရပါဘူး။
ဥပမာ သာမန်နေ့စဉ် ဘဝထဲက မြင်သာအောင် ပြောရရင် Single mother တစ်ယောက်ဟာ sub သမားဆိုပါတော့။ သူ့ဘဝမှာ ကလေးအတွက် ဘယ်သူမှ မထောက်ပံ့ပါဘူး၊ သူ့ဘဝ သူကျောင်းရပါတယ်။ ကိုယ်တိုင်ငွေရှာ ကိုယ်တို င် ကလေးကို ပြုစုစောင့်ရှောက်ရပါတယ်။ ဒါပေမယ့် သူ့ Dom နဲ့ဆုံချိန်မှာ sub ဖြစ်သွားရုံနဲ့ သူ့ကို (weak) အားနည်းပျော့ညံ့လိုက်တာလို့ ခင်ဗျားတို့ မြင်ကြမလား။ ဒါမှမဟုတ် သူဟာ သိပ်သန်မာတယ်လို့ မြင်မလား စဉ်းစားကြည့်ပါ။
ဒါကြောင့် Sub တွေကို weak ဖြစ်တယ် မမြင်ပါနဲ့၊ တခါတခါ သူတို့နေ့စဉ်ဘဝဟာ Dom တွေထက်တောင် ပိုမိုသန်မာမှု လိုတဲ့ ရှင်သန်မှုမျိုးနဲ့ သွားနေကြသူတွေ ဖြစ်နေနိုင်ပါတယ်။
၂။ Sub တွေဟာ တာဝန်ယူလိုစိတ် (responsibility) မရှိကြဘူး
တခြားသူကပဲ သူ့ကို ဂရုစိုက်ပေးဖို့လိုတယ်။ အဲဒီလို တွေးမိပါသလား? ဒါဆို စဉ်းစားကြည့်ရအောင်။ သူတို့ ဘာလိုချင်တယ် ဘာလိုအပ်တယ်လို့ မပြောဘူး၊ ပြီးတော့ သူတ ို့ ကိုယ်သူတို့ တကယ်မေ့ထားတယ်၊ လို့များ ထင်သလား? သူတို့ Dom ပေးအပ်ထားတဲ့ တာဝန်ကိုပဲ ယူတယ်လို့ ထင်သလား?
တကယ့် submissive တစ်ယောက်မှာ သူ့ကိုယ်တိုင် လိုလိုလားလားနဲ့ ယူထားရတဲ့ responsibility တွေ အများကြီးရှိပါတယ်။ ဥပမာ တချို့ကို ပြောရရင်... Dom ရဲ့ အကြိုက်နဲ့ အလိုက်တသိဖြစ်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ရတာ၊ အခန်းနဲ့ အိမ်ကို သန့်ရှင်းနေအောင် လုပ်ထားရတာ၊ မိမိရဲ့ အရည်အသွေး တိုးတက်အောင် ကြိုးစားပေးရတာ ... စသဖြင့် (RS type ပေါ်မူတည်ပြီး) ယူထားရတဲ့ (Dom က ခိုင်းထားတာ မဟုတ်တဲ့) responsibility တွေမှ အများကြီးပါပဲ။

၃။ Sub တစ်ယောက်ဖြစ်ဖို့ဆို ရိုက်နှက် နှိပ်စက်တာလည်း ခံနိုင်ရမယ် (Masochist)
လုံးဝ လုံးဝ ကို မှားတဲ့ ယူဆချက်မျိုး ပါပဲ။ တချို့တွေက ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ sub တိုင်းတော့ မဟုတ်ပါဘူး။ pain ကို မသာယာနိုင်တဲ့ sub တွေ အများကြီးပဲ ရှိပါတယ်။ ဥပမာ Daddy’s princess or little girl အများစုဟာ masochist မဟုတ်ကြပါဘူး။ (ဒီထဲ ကျင်လည်တာ ကြာနေသူတွေ အဖို့တော့ ကိစ္စမရှိပေမယ့်၊ ခုမှ စတင်လိုသူတွေအတွက်တော့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။)
၄။ Sub တစ်ယောက်မှာ ကိုယ်ပိုင်ထင်မြင်ယူဆခွင့် မရှိဘူး
ထပ်လွဲတဲ့ အလွဲပါ။ Sub တစ်ယောက်မှာ သူ့ကိုယ်ပိုင် ထင်မြင်ယူဆခွင့် ရှိပါတယ်။ အဲလိုမှ မရှိရင် Dom တစ်ယောက်နဲ့ ဘယ်လိုများ kinky တွေအကြောင်း ဆွေးနွေးမလဲ။ နောက်ပြီး မိမိရဲ့ limit တွေ ဆောင်ရန် ရှောင်ရန်တွေကို မစဉ်းစားပဲ Dom တစ်ယောက်ထံ ရောက်သွားပြီ ဆိုတာနဲ့ ကိုယ့်ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ခွင့် မရှိဘူးဆိုရင် abusive RS ဖြစ်နေရင် ဘယ်လို လုပ်မလဲ?။ စဉ်းစားကြဖို့ပါ။
၅။ Sub တိုင်းဟာ Sex ပါကိုပါရမယ် (Top ကတောင်းရင် ပေးရမယ်။)
အမှားတစ်ခုပါ။ အများစုကတော့ ဟုတ်ပါတယ်...DS RS life မှာ sexual activity တွေ အများဆုံးကစားကြတာ မလား။ ဒီလိုပြောရုံနဲ့ Sub တိုင်းဟာ sexual activity တွေကို ကြိုက်တယ်၊ မဖြစ်မနေပါရမယ်ဆိုရင် လွဲပါတယ်။ တချို့သော sub တွေဟာ sex pleasure ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ပိုလိုချင်တာမျိုးတွေ ရှိပါတယ်။
ဥပမာ...humiliation games တွေ၊ အိမ်မှုကိစ္စကို အစေခံတစ်ယောက်လို လုပ်ပေးရတာနဲ့တင် ကျေနပ်တာမျိုး...စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ (သူတို့အတွက် sex မလိုပါဘူး၊ Dom တွေ အတွက်သာ လိုချင်လိုမှာပါ)။
Conclusion: တခြား အလွဲတွေလည်း ရှိနိုင်ပါတယ်။ အဲလိုမျိုးတွေ ရှိကြရင် comment မှာ ရေးပေးစေလိုပါတယ်။ အများလည်း ဝင်ဆွေးနွေးလို့ရတာပေါ့။ ဒါကတော့ ကျနော် မွှေနှောက် ရှာဖွေထားသမျှထဲကရယ်၊ အတွေ့အကြုံတွေ အရရယ် စပ်ဟပ် ရေးလိုက်တာပါ။ အားလုံးပဲ မှန်မှန်ကန်ကန် ပျော်ရွှင်နိုင်ကြပါစေကြောင်း...