
BDSM ထဲက D/s ဆိုတဲ့ Dominance and Submission ဆိုတာကို သမရိုးကျမဟုတ်တဲ့ လိင်ဆက်ဆံမှု (Kink) လို့လည်း အများက သိကြပါတယ်။ တကယ်က Sub-Dom relationship ဆိုတာ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုထက်ပိုတဲ့ စိတ်စွမ်းအားတွေအကြောင်းလို့ ပြောနိုင်ပါတယ်။ ဒီအတွဲအဖက်ဟာ ရင်ဖိုစရာ စိတ်စွမ်းအား (သြဇာအာဏာ) ဆိုင်ရာ ကစားနည်းတွေကို နှစ်သက်မြတ်နိုးတာကြောင့် သူတို့ရဲ့ဘဝဟာ စိတ်လှုပ်ရှားစရာ အပြည့်နဲ့ပေါ့။
ပြီးတော့ ဒီဟာကပဲ သူတို့ရဲ့ လိင်မှုဘဝတွေကို ပိုအရသာရှိအောင် ဖြည့်စွက်ဖန်တီးနေတာပါပဲ။ ဒီနေ့ခေတ် ကျနော်တို့ရဲ့ (D/S) အသိုင်းအဝိုင်းမှာ ကွဲပြားခြားနားချက်တွေ ရှိကြပေမယ့် တစ်ယောက်က တခြားတစ်ယောက်ကို လွှမ်းမိုးချုပ်ကိုင်ပြီး သူတို့ရဲ့ လိင်မှုဘဝထဲကို သြဇာအာဏာနဲ့ဆိုင်တဲ့ ကစားနည်း(power game) တွေ ပေါင်းထည့်ကြတယ်ဆိုတာကတော့ အခြေခံ ဘုံတူညီချက်ပေါ့။
Sub-Dom relationship စုံတွဲတွေမှာ တချို့က role တစ်ခုတည်းမှာပဲ တသတ်မှတ်တည်း နေကြတာမျိုး ရှိသလို့ တချို့ကျတော့လည်း အခါအားလျော်စွာ role ကို တစ်လှည့်စီပြောင်း ကစားတာမျိုးလည်း ရှိတတ်ကြပါတယ်။
ကြိုတင်ပြင်ဆင်ပြီးမှ ကစားကြတာမျိုးမှာ မကြာခဏဆိုသလို တွေ့ရလေ့ ရှိတာက Dom လုပ်သူက Sub ကို အမိန့်ပေးတာ ညွှန်ကြားတာ ချုပ်ချယ်တာမျိုးတွေပါပဲ၊ ဥပမာ အနှိပ် (မာဆတ်) လုပ်ပေးရတာမျိုး၊ အစားအသောက်တွေနဲ့ ဧည့်ခံပြုစုရတာမျိုး၊ နောက်ပြီး Dom ရဲ့ ချုပ်နှောင်မှုကို ခံရတာမျိုးနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အပြစ်ပေးဆုံးမ ခံရတာမျိုးတွေပေါ့။ နောက်ပြီး ပါဝါအာဏာ အခြေခံတဲ့ ကစားနည်းမျိုးဖြစ်တဲ့ ဆရာ/မ နဲ့ ကျောင်းသား/သူ ဒါမှမဟုတ်လည်း လူဆိုးနဲ့ သားကောင် သဘောမျိုးတွေလည်း ကစားကြတာ တွေ့ရပါတယ်။

နောက်ထပ် တွေ့ရလေ့ ရှိတာကတော့ ဒီ D/S စုံတွဲတွေဟာ ခဏတဖြုတ် အချိန်ပိုင်းတင် မဟုတ်ပဲ သူတို့ရဲ့ role ကို အချိန်ကြာကြာယူပြီး နေကြတာမျိုးပါပဲ၊ အားလပ်ရက် အပန်းဖြေ ခရီးထွက်ရင်း ကစားတာမျိုးပေါ့။ တချို့ကတော့ အချိန်အပိုင်းအခြားနဲ့ စီစဉ်ပြီး လှည့်ပတ် ကစားတာမျိုးရှိသလို တချို့ကျတော့လည်း Sub-Dom စည်းမျဉ်း (Rules) တွေကို သူတို့ရဲ့ လူနေမှုဘဝထဲထိ ဆွဲသွင်းတာမျိုးတောင် ရှိကြပြန်ပါတယ်။
BDSM ကို တချို့မီဒီယာတွေက အနိုင်ကျင့်မှု ရူးနှမ်းမှုအဖြစ် ပုံဖော်လေ့ရှိကြပေမယ့် ဒါဟာ အတော်လေးကို အဆိုးမြင်တဲ့ ဖော်ပြမှုပါ။ ဘာလို့ဆိုတော့ BDSM ရဲ့ အဓိက စည်းမျဉ်း (main rule) က သဘောတူညီချက် (consent) ပဲ ဖြစ်ပါတယ်။ Sub-Dom relationship တွေမှာ အရွယ်ရောက်ပြီးသူ နှစ်ယောက်က သူတို့ရဲ့ လိုင်ပိုင်းဆိုင်ရာ စိတ်ကူးစိတ်သန်းတွေ၊ လိုလားတောင့် တမှုတွေ သူတို့မျှော်လင့်ထားတာတွေကို မကစားမီ ကြိုတင်ဆွေးနွေးထားပြီးသား ဖြစ်ပါတယ်။
အပြန်အလှန်ဆက်သွယ် ပြောဆိုမှုနဲ့ သဘောတူညီချက်က အဓိကအရေးအကြီးဆုံး ဖြစ်တာကြောင့်လည်း D/S စုံတွဲတွေဟာ ပထမဆုံးအနေနဲ့ သူတို့ကစားချင်တဲ့ role နဲ့ သူတို့စမ်းချင်တဲ့နည်းလမ်းတွေကို ဆွေးနွေးကြပါတယ်။ ပြီးတော့ စိတ်ထစေတဲ့ (erotic) အတွေးတွေ ဇာတ်လမ်းတွေကို အချင်းချင်းဝေမျှတယ်။ တချို့အချိန်များမှာဆိုရင် ပုံတွေနဲ့ပါ တိုင်ပင်လေ့ရှိတယ်။
တကယ့်အရေးအကြီးဆုံးကတော့ တစ်ဦးချင်းစီက လိုလိုချင်ချင်နဲ့ ကစားလိုတာမျိုးကိုပဲ အတူကစားဖို့ စီစဉ်တာဖြစ်ပြီး တစ်ယောက်ယောက်ကို အတင်းဖိအားပေးပြီး လိုက်လုပ ်ခိုင်းတာမျိုး မရှိတာပါပဲ။ အဲ သဘောတူညီချက် မပါတဲ့ သို့မဟုတ် လုံခြုံစိတ်ချရတဲ့ စည်းမျဉ်းတွေ မပါတဲ့ BDSM အပြုအမူဟာ ထိခိုက်နစ်နာစေနိုင်သလို အန္တရာယ်လည်းများပါတယ်။
D/S ရဲ့ ဘဝလူနေမှုပုံစံဟာ လက်ထပ်ထားတဲ့ စုံတွဲတွေအတွက်လည်း အကောင်းဖက်က အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ နှစ်ဦးစလုံးသာ BDSM နဲ့ ပါတ်သတ်တဲ့ စိတ်ကူးတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟနိုင်မယ်ဆိုရင် ဒါက သူတို့ရဲ့ အိမ်ထောင်သည်ဘဝကို အများကြီးပိုပြီး အဓိပ္ပါယ်ရှိစေနိုင်မှာ ဖြစ်ပါတယ်။ တချို့သော စုံတွဲတွေမှာ လက်တွဲချိန်ကြာတဲ့အခါမှာ ရိုးအီငြီးငွေ့မှုကြောင့် ခွာပြဲမှုတွေ ရှိတတ်ကြပါတယ်၊ တကယ်လို့ D/S ပုံစံမျိုးသာ နေလိုက်မယ်ဆိုရင် ဒါက သူတို့ကို ပြန်လည်နွေးထွေးစေနိုင်သလို သူတို့ဘဝဟာလည်း ရိုမန်တစ် ပိုဆန်လာစေနိုင်ပါတယ်။ တချိုအတွဲတွေများဆိုရင် open marriage အဖြစ် ကြိုတင်စီစဉ် သဘောတူထားကြပြီး တခြားသော D/s စုံတွဲတွေနဲ့ အပြန်အလှန် ကစားကြတာမျိုးတောင် ရှိပါတယ်။
လူအတော်များများမှာ သူတို့ရဲ့ လိုင်ပိုင်းဆိုင်ရာ စိတ်ကူးတွေကို ကိုယ့်အဖော်ကို ပြောဖို့ခက်တာမျိုးရှိသလို တစ်ချို့ဆို ကိုယ်တိုင်က သတိမထားမိတာမျိုး (ကိုယ်ဘာလဲ သိဖို့ ခက်နေတာမျိုး)လည်း ဖြစ်တတ်ကြပါတယ်။ အဲပြီးတော့ ကံမကောင်းစွာနဲ့ပဲ ကိုယ့်အဖော်က D/S အဖြစ် ပြောင်းဖို့ လက်မခံတာမျိုးလည်း ဖြစ်တတ်ကြတယ်။
အရေးကြီးတာကတော့ ကိုယ်သွားလို ကစားလိုတဲ့ စိတ်ကူးတွေနဲ့ ညီတဲ့သူတစ်ယောက်ကို ရှာဖွေဖို့ပါပဲ။ (ဒီ) စာရေးသူရဲ့ အသိတစ်ယောက် ဆိုရင် Mistress Dating တစ်ခုလုပ်ခဲ့ပြီး သူပြောပြတာက အဲဒါဟာ သူ့ဘဝရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ တဲ့။
နောက်တော့ သူနဲ့ အဆင်ပြေတဲ့ အမျိုးသမီးတစ်ဦးကို ရှာတွေ့တယ်။ သူတို့ D/S relationship တစ်ခုအဖြစ်နဲ့ အတူကစားကြတယ် တစ်ခါတစ်လေဆို role ကိုပြောင်းတယ်။ အဲဒီ အမျိုးသမီးဆိုရင် သူ့ထက် BDSM အတွေ့အကြုံ ပိုများပါတယ်။ ဒါကြောင့်လည်း BDSM နဲ့ပတ်သက်လို့ သူ့ကို သင်ပေးတယ်၊ ပြီးတော့ သူ့အပြောအရဆိုရင် ဒါဟာ သူ့အတွက်တော့ အကောင်းဆုံးသော လိင်မှုဆိုင်ရာ ကစားနည်းတွေနဲ့ စိတ်ကူးစိတ်သမ်းတွေ ဖြစ်စေပါသတဲ့။ ပြီးတော့ ထပ်ပြောပြသေးတာက D/S အပြုအမူတွေဟာ တခြားသော ဘယ်အရာတွေထက် မဆို သူ့ရဲ့လိင်စိတ်ကျေနပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါတယ်တဲ့လေ။
VENTS Magazine ကပဲWhat to Expect in A Sub-Dom Relationship ဆိုတာကို အဆင်ပြေသလို ဘာသာပြန်ထားတာပါ။
အားလုံးပဲ လုပ်ချင်တာတွေ လုပ်နိုင်ပါစေ။