top of page

Stranger Sex နဲ့ Stranger Role Play!!!

Aug 4, 2024

1 min read

3

141

0

လုံးဝ မသိဘူး သူ တစ်ယောက် သို့မဟုတ် တစ်ယောက်အကြောင်း တစ်ယောက် မသိသလောက် လူနှစ်ဦး အပြင်မှာ ဆုံပြီးတာနဲ့ တန်းကစားတာမျိုးကို stranger play လို့ ဆိုပါတယ်။ တချို့ လူတွေ အကြိုက်ဆုံး fetish တစ်မျိုး ဆိုပါတော့။ (one night stand သဘောလိုပဲ။) တစ်ဦးနဲ့ တစ်ဦး မသိဘူး ဘား ဒါမှမဟုတ် ကလပ်မှာ ဆုံမယ် ပြီးတော့ ရှေ့ဆက်ကြတယ်...။ နောက်နေ့ သူ့လမ်းသူသွားပြီး ကိုယ့်လမ်းကိုယ်သွားပေါ့။

 

ကြားဖူးကြပါလိမ့်မယ်...။ ဘယ်နှစ်ယောက်နဲ့ အိပ်ခဲ့တယ်လို့ စံချိန်တင်ဖို့ ကြိုးစားသူတွေအကြောင်း။

 

တချို့ဟာ လိင်ဆက်ဆံမှုကို သူစိမ်းတစ်ယောက်နဲ့ မှ ပိုစိတ်လှုပ်ရှား ရင်ခုန်ရတာကို ကြိုက်တတ်ကြပါတယ်။ ပြီးတော့ အစားအသောက် ခုံမင်တတ်ကြသူတွေ အစားအသောက်မျိုးစုံ လှည့်ပတ်မြည်းစမ်းကြ သလိုမျိုးပဲ Stranger Play ကို ကြိုက်သူတွေဟာလည်း တစ်ယောက်တည်းနဲ့တင် ရေရှည်သွားနေရတာထက် နောက်ထပ် နောက်ထပ် လူပေါင်းများစွာနဲ့ အရသာပေါင်းစုံ ခံစားချင်တတ်ကြတာမို့ ဒီနည်းကို ကြိုက်ကြတာတော့ ငြင်းမရတဲ့ အချက်ပေါ့။

 

(အိမ်ထမင်းဟင်း နေ့တိုင်းစားရတာ ငြီးငွေ့လို့ ဟိုတယ်၊ ဘား၊ ဆိုင်ထွက်စားတာမျိုးနဲ့ မတူဘူးဆိုတာလည်း သတိပြုပါ။)

 

ဒီနည်းကို ကြိုက်တဲ့ သူတွေအဖို့အတွက် ရင်ခုန် စိတ်လှုပ်ရှားရတာတင်မကတဲ့ နောက်ထပ် အကြောင်းတစ်ချက်ကတော့ မမျှော်လင့်ပဲ ကံကောင်းထောက်မလို့ ကိုယ်ကြိုက်တဲ့ စိတ်ကူးထားတဲ့ ပုံစံရှိသူ တစ်ယောက်ယောက်နဲ့ ဆုံမိချိန်မျိုး ဖြစ်ပါတယ်...။ (ရေရှည်လက်တွဲဖော်မျိုး ဆိုလိုတာမဟုတ်... ခပ်ကြမ်းကြမ်း သမားလား... အရမ်း တောင့်ဖြောင့် ကျော့ရှင်းတာမျိုးလား...သိုင်းပေါင်းစုံ ကျွမ်းကျင်တာလား...စသည်ဖြင့်ပေါ့။)


 

ဒီလို fetish မျိုးကို role play အနေနဲ့ BDSM စုံတွဲတွေလည်း လုပ်ကြည့်လေ့ ရှိပါတယ်။

 

ဥပမာ ပုံစံတစ်ခု ပြောရရင် ...


ဘားတစ်ခုခု သတ်မှတ်ထားမယ်...။ နောက်တော့ တစ်ယောက် တစ်နေရာစီကနေ သပ်သပ်လာမယ်...။ နာမည် အရင်းတွေ အချက်အလက်တွေ မသုံးဘူး။ ဘားမှm လုံးဝ မသိသေးတဲ့ သူစိမ်းတွေလို ဆုံကြမယ်...။ တစ်ယောက်နဲ့ တစ်ယောက် အချက်အလက် အတုတွေနဲ့ မိတ်ဆက်မယ်...။ တစ်ယောက်ကို တစ်ယောက်က ဆွဲဆောင်ဖို့ ကြိုးစားမယ်ပေါ့...။

နှစ်ယောက်စလုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် သူစိမ်းတွေ လို ဖြစ်အောင် ဆက်ဆံပုံတွေ တခြားအရာတွေ အားလုံးကို ပြောင်းလဲဖို့ လိုအပ်သလို... နှစ်ဦးသဘောတူပြီး ရှေ့ဆက်သွားမယ့် ပုံစံမျိုးမှာလည်း တစ်ယောက်ကို တစ်ယောက် အံအားသင့်အောင် ကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။ (လူစိမ်း တစ်ယောက် (or) ကိုယ်နဲ့မတူတဲ့ တခြားသူ တစ်ယောက်အဖြစ် ကိုယ့်အဖောက် ခံစားရမှပဲ ဒီကစားနည်းရဲ့ အရသာကို ရမှာ ဖြစ်ပါတယ်။)

 

Stranger Play ကစားဖို့ရာ သတိပြုစရာများ။        ။ သူစိမ်းတစ်ယောက်နဲ့ ကစားဖို့ဆိုတာတော့ (stranger play) ကစားမယ့် ကာယကံရှင်ဟာ ကိုယ်တိုင်ကလည်း အတွေ့အကြုံ ဗဟုသုတ ထိုက်သင့်သလောက် ရှိဖို့ လိုသလို...မိမိကိုယ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်သူ...ကာကွယ်နိုင်သူလည်း ဖြစ်ဖို့လိုပါတယ်။ ကစားဖို့ စဉ်းစားပြီဆိုတာနဲ့ သိထားရမှာ နောက်တစ်ချက်က တစ်ဖက်လူနဲ့ အခန်းထဲ တန်းသွားဖို့ မဟုတ်ပါဘူး ... အနည်းဆုံးတော့ ဆုံတွေ့ချိန်မှာ သူ့ရဲ့ အပြောအဆို အနေအထိုင်နဲ့ ပုံစံကို အကဲခတ်ဖို့လည်း လိုပါသေးတယ်...။

 

အကယ်၍များ တခုခု အဆင်မပြေနိုင်ဘူးလို့ ထင်ရင် ဘယ်လောက်ပဲ ကစားချင်နေပါစေ...ဘယ်လောက်ပဲ သဘောကျစရာ ကောင်းနေပါစေ...ရှေ့ မတိုးပါနဲ့။ နောက်ဆုံး အချက်ကတော့ အရက် အလွန်အကြွံသောက်တာ မူးယစ်ဆေး သုံးစွဲထားတာမျိုး ရှောင်သင့်ပါတယ်...။ သင့်ဆုံးဖြတ်ချက်တွေ လွဲချော်နိုင်လို့ ဖြစ်ပါတယ်...။ ဒါတောင်မှ ဒီ risk ကိုယူချင်ပါတယ်လို့ ကိုယ်ကိုယ်ကို ပိုင်ရင်/လက်ခံနိုင်ရင် ဆက်ကစားနိုင်ပါသေးတယ်...။

Comments

Share Your ThoughtsBe the first to write a comment.
bottom of page