top of page

Sextortion!!!

Dec 29, 2024

1 min read

0

6

0



Sextortion ဆိုတာ တစ်စုံတစ်ယောက်ရဲ့ sexual ပိုင်းဆိုင်ရာ ရုပ်ပုံ ဗီဒီယို အထောက်အထားကို ရယူထားပြီး ငွေကြေးအတွက်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သူနဲ့ လိင်ဆက်ဆံပေးဖို့ပဲ ဖြစ်ဖြစ် ခြိမ်းခြောက် အကြပ်ကိုင်တာမျိုးကို ခေါ်တာ ဖြစ်ပါတယ်။


ဒီလို အပြုအမူဟာ နိုင်ငံတိုင်း မြန်မာပါ အပါအဝင်မှာ ရာဇဝတ်မှုလို့ သတ်မှတ်ထားပြီး ပြစ်မှုပြစ်ဒဏ်များကိုလည်း ပြဌာန်းထားပါတယ်။ ကံဆိုးတာက ကျနော်တို့ နိုင်ငံမှာ ဥပဒေမှန်သမျှ စာအုပ်ထဲမှာပဲ ရှိတော့တဲ့ ဘဝရောက်ပြီး တရားဥပဒေစိုးမိုးရေး ဆိုတာကလည်း နေရာကွက်ကြားဖြစ်နေတာပါပဲ။


ဒါကြောင့် ဒါမျိုးဖြစ်လာရင် တရားရုံးလည်း အားကိုးမရ၊ ပတ်ဝန်းကျင်လည်းအသိမပေးရဲနဲ့ ငွေကုန်ရ၊ စိတ်ဆင်းရဲရနဲ့ ဒုက္ခရောက်ရသူတွေ မနည်းလှပါဘူး။ အထူးသဖြင့် ကျနော်တို့ဆီမှာပေါ့။


အဲဒီအထဲကမှ BDSM လောကပဲ ပြောပြော Dark Side လို့ပဲ ဆိုဆို ကျနော်တို့ စိတ်ဝင်တစား ကျင်လည်နေတဲ့ နေရာမှာ ထင်တာထက် ပိုပြီး အဖြစ်များနေတာလည်း စိတ်မကောင်းစရာ တွေ့ရပါတယ်။

တကယ် တရားဥပဒေစိုးမိုးမှု ရှိလာတဲ့ တစ်နေ့မှာတော့ ဒါတွေကို စနစ်တကျ အရေးယူနိုင်ပါလိမ့်မယ်။ ခုချိန်မှာတော့ မဖြစ်ခင်ကတည်း ကြိုတင်ကာကွယ်တာကိုသာ အားစိုက်ဖို့ပဲ အကြံပေးပါရစေ။

ဒါကြောင့် စဉ်းစားမိသမျှ အကြံတချို့‌အောက်မှာရေးပေးထားပါတယ်။


၁။ (online ပေါ်မှာ) မိတ်ဆွေ အပေါင်းအသင်း ဖြစ်တိုင်း ယုံကြည်စွာနဲ့ မိမိရဲ့ sexy ပုံတွေကို ပြသတာဟာ အန္တရာယ်ရှိနိုင်တာမို့ ပြမယ်ဆိုတောင် ကိုယ့်ရဲ့ identity ကို မသိနိုင်တဲ့ ပုံမျိုးကိုသာ ပြသင့်ပါတယ်။ (ပုံထဲကသူဟာ မိမိပါလို့ သိနိုင်တာမျိုးမှန်သမျှကို ဖျောက်ထား ဖျက်ထားတာမျိုးကို ဆိုလိုတာပါ၊ ဥပမာ တက်တူး၊ ထူးခြားတဲ့ အမှတ်အသား စတာ။)


၂။ ကိုယ်ဖွင့်ထားတဲ့ fake acc ရဲ့ security ပိုင်းကို သေချာဂရုစိုက် ကိုင်တွယ်ပါ။ နောက်ပြီး ကိုယ့်ရဲ့ real acc နဲ့ ဆက်စပ်မိနိုင်တာမျိုး မတင်တာ။


၃။ ကစားခန်းထဲမှာ recording လုပ်တာ ဝါသနာပါသူဆို ယုံကြည်စိတ်ချရမှုရှိသူ၊ တစ်ဦးအကြောင်း တစ်ဦး ကောင်းကောင်းသိသူနဲ့သာ ကစားသင့်ပါတယ် (ဒါလည်း အန္တရာယ်ဖြစ်နိုင်ချေတော့ ရှိနေတုန်းပါ)၊ ပိုကောင်းတာကတော့ ကိုယ့်ရဲ့ ဖုန်း၊ ကင်မရာနဲ့သာ မှတ်တမ်းတင်ခိုင်းတာ ဖြစ်ပါတယ်။ တကယ်လို့ ဝါသနာမပါရင်တော့ အခန်းထဲအရောက်မှာ မှတ်တမ်းတင်နိုင်တဲ့ ဖုန်း၊ကင်မရာ စတာတွေကို တစ်နေရာထဲမှာ စုပြီးသိမ်းတာ (လော့ကာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ်မသိပဲ တခြားသူယူသုံးလို့မရတဲ့ နေရာမျိုးမှာ သိမ်းတာ) က ပိုစိတ်ချရပါတယ်။


၄။ တကယ်လို့ ကိုယ်ဟာ ဖုန်းထဲ၊ လက်ပ်တော့ထဲမှာ ပုံတွေသိမ်းတတ်ရင်တော့ ကိုယ့် ပစ္စည်းကို လွယ်လင့်တကူ တခြားသူ ယူသုံးလို့မရအောင်လုပ်ထားဖို့ လိုသလို၊ ပြင်ဆိုင်ပို့ရတာတို့ လို service လုပ်ဖို့လိုလာချိန်မှာ မမေ့မလျော့ အဲပုံတွေကို ရှင်းပစ်ထားတာ စိတ်ချရဆုံးပါပဲ။

ဒါက ခု ကောက်စဉ်းစားရင်း ရေးရတာမို့ တခြားဆင်ခြင့်သင့်တဲ့ အချက်တွေလည်း ကျန်ဦးမှာပါ၊ တခြား လုပ်သင့်တာများရှိရင်လည်း comment မှာ ဝင်ရေးပေးကြပါ။


အားလုံးပဲ ဘေးကင်းကင်း စိတ်ချမ်းချမ်းသာသာနဲ့ ကစားနိုင်ကြပါစေ....။

Comments

Share Your ThoughtsBe the first to write a comment.
bottom of page