စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း နဲ့ ထုံးတမ်းစဉ်လာ တို့အကြောင်း
ဒီ ၃ ခုက ဆင်သလိုလိုလေးနဲ့ ကွဲတယ် ဆိုပါတော့။

BDSM rule တွေ အကြောင်းကတော့ လူတိုင်းသိပါတယ်။ ဒါကြောင့် ဒီအကြောင်းထက် ritual and protocol အကြောင်းကိုပဲ ဦးစားပေး ရေးပါမယ်။ ပထမဆုံး rule အကြောင်း အကျဉ်းချုပ်ရေးပြဖို့တော့ လိုမယ် ထင်ပါတယ်၊ ဒါမှလဲ ကျန်တဲ့အရာတွေနဲ့ ဘယ်လို ကွာခြားသလဲဆိုတာ ပိုသိသာလွယ်တာပေါ့။
Rule
စည်းမျဉ်းစည်းကမ်းဆိုတာ ဥပဒေတစ်ခုနဲ့ အလားသဏ္ဍာန် တူပါတယ်။ Dom and Sub ဟာ နှစ်ဦးသဘောတူ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ ဥပမာ ည ၈ နာရီဆို အိပ်ယာအသင့်ပြင်ပြီး ဖြစ်ရမယ် ဆိုတာမျိုး၊ ဖိနပ်ကို ဘယ်လိုထားရမယ်၊ မနက် အိပ်ယာ ဘယ်အချိန်ထရမယ် စတာမျိုးတွေပေါ့။ ဒီလို စည်မျဉ်းစည်းကမ်းမျိုးရဲ့ နောက်မှာ မလိုက်နာရင် ဘာလုပ်မယ်ဆိုတဲ့ punishment မျိုး နောက်ဆက်တွဲ လိုက်လာပါတယ်။
ဒါက rule ရဲ့ သဘောသဘာဝပါ ရှင်းလင်းတယ် နားလည်လွယ်တယ်ပေါ့။ ဒါပေမယ့် micromanage ဆန်ပါတယ်၊ ကစားချိန်မှာ အသေးစိတ်က အစ Dom က လိုက်ပါ စောင့်ကြည့်နေတဲ့ သဘောပါပဲ။ (Training ကာလမျိုး ဒါမှမဟုတ် just play လိုမျိုး 24/7 D/s RS မဟုတ်သူတွေအတွက် rule က သုံးရလွယ်တယ်။)
Rule အကြောင်း အကျဉ်းချုပ်ပြီးပြီဆို protocol ဆိုတဲ့ လုပ်ထုံးလုပ်နည်း နဲ့ Ritual ဆိုတဲ့ ထုံးတမ်းစဉ်လာ သဘောဖက်ကို စကြည့်ကြတာပေါ့။ ဒီနှစ်ခုက လုပ်နည်းကိုင်နည်း သဘောသဘာဝအားဖြင့် သိပ်မကွာလှပါဘူး။ လေ့လာကြည့်ရအောင်...။
Protocol
လုပ်ထုံးလုပ်နည်း ဆိုတာက သက်ဆိုင်ရာ အခြေအနေ အလိုက်၊ သက်ဆိုင်ရာ ကာလသတ်မှတ်ချက်အလိုက် ချ မှတ်ထားတဲ့ ဆောင်ရွက်ရမယ့် action တွေ ဒါမှမဟုတ် စည်မျဉ်းအစုအဖွဲ့တွေလို့ ဆိုနိုင်ပါတယ်။
ဥပမာအားဖြင့် သတ်မှတ်ကာလ တစ်ခုအတွင်းမှာ sub ဟာ အလုပ်ကနေ ပြန်လာတာနဲ့ စားသောက်စရာ ပြင်ဆင်ချိန်မှာ naked ပဲ လုပ်ရမယ် ဆိုတာမျိုး၊ Dom က အလုပ်ကနေ ပြန်လာချိန်မှာ တံခါးဝကနေ ဒူးထောက်ကြိုရတာမျိုးလို ဒါမှမဟုတ် ရေ/သောက်စရာ တစ်ခုခုနဲ့ ကြိုရတာမျိုးလို ဘယ်လိုအခြေအနေဆို ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို စုစည်းပြီး Protocol လို့ ခေါ်တာပါပဲ။
နောက်ထပ် ပိုရှင်းအောင် ပြောရရင် တစ်ယောက်နဲ့ တစ်ယောက် အဝေးရောက်နေချိန်မှာ message ပို့ပေးရမယ် (good morning/night) ဆိုတာမျိုးဟာလည်း protocol ပါပဲ။
ဒါကြောင့် အသေးစိတ်ကအစ လိုက်ပြီး စောင့်ကြည့်တာမျိုးကို မနှစ်သက်ကြတဲ့ D/s သမားတွေဟာ protocol တွေ ချမှတ်ထားတဲ့ဖက်ကို ပိုသွားကြပါတယ်။ (ဒါကြောင့် D/s RS သမားတွေအတွက် rule ထက်စာရင် ပိုသင့်တော်တဲ့ ထိန်းချုပ်မှု ပုံစံ တစ်မျိုး ဖြစ်ပါတယ်။)
Protocol မှာတော့ စည်မျဉ်းထက်စာရင် punishment ကို အလေးမပေးတော့ပါဘူး၊ နှစ်ဖက်စလုံးက သဘောတူညီချက်နဲ့အညီ ကျေကျေနပ်နပ် လုပ်ကြတာမျိုး ဆိုပါတော့။ (sub က မလိုက်နာတာ မရှိသလောက် ဖြစ်သွားတဲ့ သဘောပါ။)
Protocol ကိုမှ Low, Medium and High ဆိုပြီး ထပ်ခွဲပြကြတာလည်း ရှိပါသေးတယ်။ နောက် အလျင်းသင့်ရင် ရေးပါဦးမယ်။
Ritual
ထုံးတမ်းစဉ်လာကတော့ protocol နဲ့ သဘောသဘာဝမှာ အကြမ်းဖျဉ်းအားဖြင့် အတူတူပါပဲ။ ကွာတာက protocol မှာက သက်ဆိုင်ရာ အခြေအနေအလိုက် အချိန်အလိုက် လိုက်နာရမှာမျိုးတွေ ဖြစ်ပြီး ritual မှာကျတော့ မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးမဟုတ်တော့ပဲ လုပ်နေကြ အကျင့်တစ်ခုလိုမျိုး ဖြစ်သွားတာတွေကို ဆိုလိုတာပါ၊ အချိန်နဲ့ နေရာကာလ သတ်မှတ်ပေးနေစရာလည်း မလိုတော့ပါဘူး။ (ဥပမာ နှစ်စဉ် နှစ်သစ်ကူးတိုင်း ကျနော်တို့ သင်္ကြန်ပွဲ လုပ်ကြသလိုပေါ့။)
Long term partnership or relationship ဖြစ်လာတဲ့အခါ စည်းမျဉ်းတွေဟာ protocol နဲ့ ritual အဖြစ် ပြောင်းလဲလာတော့ တာပါပဲ။ ရှင်းအောင် ဥပမာ တစ်ခုပေးရရင် မနက်စာပြင်ချိန် naked ဖြစ်နေရမယ် မဟုတ်ရင် punishment ပေးမယ် ဆိုတာ rule ဖြစ်ပါတယ် (just play time)၊ ဒါပေမယ့် စနေနေ့ မနက်စာ ပြင်ရာမှာ naked ဖြစ်နေဖို့ လုပ်ပါလို့ ဆိုရင် protocol ဖြစ်လာပါပြီ (in a certain period)။ နောက်ဆုံးမှာတော့ weekend မနက်စာပြင်တိုင်း naked အဖြစ်ပဲ လုပ်ပါဆိုရင် ritual ဖြစ်သွားတော့ တာပါပဲ (daily routines)။
ရေးလိုက်ခါမှ ပိုရှုပ်သွားရင်တော့ ဆောရီးပါဗျား။ rule က ရှင်းပေမယ့် protocol နဲ့ ritual က မတိမ်းမယိမ်းလေး ဖြစ်နေတော့ နည်းနည်းရှုပ်နိုင်ပါတယ်။
အလွယ်မှတ်ချင်ရင်တော့ အမြဲမဟုတ်ပဲ သတ်မှတ်ကာလ တစ်ခုအတွင်း လုပ်ရမယ့်/လိုက်နာရမယ့် ဆောင်ရွက်မှု၊ စည်းမျဉ်းအစုအဖွဲ့ (action and set of rules) အားလုံးဟာ protocol ၊ အချိန်သတ်မှတ်ချက် မပါတော့ပဲ လုပ်ရိုးလုပ်စဉ်လို ဖြစ်သွားရင် ritual လို့သာ မှတ်ပါ။