တခါတလေ BDSM ကစားနည်းတွေဟာ အတော်ပညာသားပါတယ်၊ အယူအဆတွေ လုပ်နည်းကိုင်နည်းတွေက အနုပညာဆန်တယ် ပ ြောလို့ရပါတယ်။ အထူးသဖြင့် Role Play တွေ မှာဖြစ်ပါတယ်။ အထူးသဖြင့်လို့ ညွှန်းပေမယ့် တကယ်က အခြားသော ကစားနည်းတွေမှာလည်း အနည်းနဲ့ အများ အနုပညာဆန်ဆန် တည်ဆောက်ရတာတွေ ရှိနေပါတယ်။

ဒီအထဲမှာမှ သဘောမတူဖို့အတွက် သဘောတူကြတယ်ဆိုတာကို သုံးကြတာလည်း အတော်များပါတယ်။ သဘောမတူဖို့ အတွက် သဘောတူကြတယ်ဆိုတာမှာ agree to disagree ဆိုတဲ့ တစ်ဦးနဲ့ တစ်ဦး အမြင်သဘောမတူညီကြတဲ့ အခြေအနေမှာ သုံးတဲ့ သဘောသဘာဝမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။
တကယ်က Consensual non-consent ပါ၊ သဘောမတူရမယ့် (ငြင်းရမယ့်) အရာကို နှစ်ဦး သဘောတူ သတ်မှတ်တာပါ၊ ရှုပ်သွားမလား မသိ။ ဆိုတော့ နည်းနည်း ရှင်းသွားအောင် ဥပမာ တချို့နဲ့ ရှင်းကြည့်တာပေါ့။
မြင်ကွင်းလေးတစ်ခုလောက် မြင်ကြည့်ကြပါစို့....
ပြာလဲ့လဲ့ မီးရောင်အောင်မှာ သေးသွယ်ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးလေး တစ်ယောက်၊ သူက ကြောက်ရွံ့တုန်လှုပ်နေတယ်...မျက်ရည်စတွေနဲ့ တိုးလျှိုးတောင်းပန်နေတယ်။ တစ်ဖက်မှာတော့ သန်မာတဲ့ ယောက်ကျားသားတစ်ယောက်က ဒီမိန်းကလေးကို အတင်းချုပ်ကိုင်ပြီး ခြိမ်းခြောက်နေတယ်။ ရုန်းကန်နေတဲ့ မိန်းကလေးရဲ့ အဝတ်တွေကို အတင်းဆွဲချွတ်နေတယ်...။
ဘာလုပ်နေတယ်လို့ ထင်ပါသလဲ???
ဒီလောက်ကတော့ လူတိုင်းမှန်းတတ်မှာပါ မုဒိန်းကျင့် (rape) လုပ်ဖို့ ကြိုးစားနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ဒါကိုပဲ BDSM ကစားနေတာလို့ ပြောင်းမြင်ကြည့်လိုက်ပါ။ နောက်ကွယ်က အကြောင်းအရာတွေနဲ့ ဘာတွေ ဆက်ဖြစ်ကြမှာလဲ ဆိုတာက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
နောက်ကွယ်က အကြောင်းအရာတွေ ဖက် မသွားခင်မှာ ဒီလို ကစားနည်းမျိုးမှာ ဘာဆက်လုပ်တတ်ကြလဲဆိုတာ ဆက်ပြောရရင်...ဒီအမျိုးသားဟာ တကယ့်ကို မကောင်းဆိုးဝါး မုဒိန်းကောင် တစ်ယောက်လိုပါပဲ၊...အတင်းချုပ်ကိုင်မယ်...၊ သူ့သားကောင်က မကြိုက်လို့ ဘယ်လောက် ရုန်းကန်နေပါစေ..သူ့ လိုအင်ဆန္ဒပြည့်ဖို့ပဲ အတင်းအားစိုက်ပြီး တစ်ဖက်သူရဲ့ ကာမကို အဓမ္မရယူပါတယ်။
တခြားအရာတွေ ဖယ်ထားပြီး အဖြစ်အပျက်အတိုင်း စဉ်းစားရင် ဒါဟာ ဥပဒေအရ မုဒိန်းမှု မြောက်ပါတယ်၊ abuse တောင် မကတော့ပါဘူး မြင်ကွင်းက ဆိုးလွန်းလှပါတယ်။ ဒီဟာက မုဒိန်းမှုလည်း မမြောက်သလို abuse လည်း မဖြစ်ဘူး BDSM ကစားနေတာပါလို့ ပြောလို့ရအောင် လိုအပ်ချက် တစ်ခုပဲ ရှိပါတယ်...Consent ဆိုတဲ့ နှစ်ဦးသဘောတူ လုပ်ကြတာဆိုရင်ပေါ့။
ဒီမြင်ကွင်းရဲ့ နောက်ကွယ်ကို ပြန်ကြည့်ရင်တော့....တကယ်က ဒီကစားနည်း မစတင်ခင် နှစ်ဦးသားဟာ အသေအခြာအကြေအလည် ညှိနှိုင်းတိုင်ပင်ပြီး အသေးစိတ် ပြင်ဆင်ပြီးမှ ကစားကြတာမျိုး ဖြစ်ပါတယ်။ နှစ်ဦးစလုံးသဘောတူကြတာကတော့ သားကောင်ဟာ တတ်နိုင်သမျှ သူ့စွမ်းအားရှိသမျှ မုဒိန်းကျင့် မခံရအောင် ရုန်းကန်ရမှာ ဖြစ်ပါတယ်။ (အတွင်းသဘောက မုဒိန်းကျင့်ခံချင်နေတာတောင် ဒီလို ကစားချိန်မှာတော့ .. တတ်နိုင်သမျှ လုံးဝ မလိုချင်သူလို ဟန်ဆောင်ရမှာက သားကော င်နေရာ နေရသူရဲ့ တာဝန်ဖြစ်ပါတယ်။)
သဘောမတူဘူးလို့ ငြင်းဖို့အတွက် နှစ်ယောက်သား သဘောတူလိုက်ကြတာဟာ consensual non-consent ပါပဲ။
ဒီလို ကစားကြရာမှာ သတိထားစရာ တစ်ချက်တော့ ရှိပါတယ်။ ဘာလဲဆိုတော့ သေချာ အသေးစိတ် ကြိုတင်ပြင်ဆင်ဖို့လည်း လိုသလို သားကောင်ကို အင်အားသုံးချုပ်ကိုင်နိုင်လောက်တဲ့ သန်မာမှုမျိုးကို မုဒိန်းကောင်နေရာယူထားသူကလည်း ပိုင်ဆိုင်ထားဖို့တော့ လိုပါတယ်။ မဟုတ်ရင် အဖြစ်သာ ကစားတာမျိုး ဖြစ်ပြီး သူ့ရည်ရွယ်ချက်ဖြစ်တဲ့ မုဒိန်းကျင့်တဲ့ ခံစားမှုမျိုး နှစ်ယောက်စလုံး ခံစားရမှာမဟုတ်ပါဘူး။ (သတိတစ်ခုပြုရမှာက sub or victim ဟာလည်း ဒီအရသာကို ခံစားကြည့်ချင်လို့ သဘောတူထားတာပါ။)
ဒါကတော့ သဘောမတူဖို့ သဘာတူခြင်းကို မြင်သာအောင် ဥပမာ ပေးတာပါ။ ကိုယ့်အကြိုက်နည်းတွေထဲက ဘယ်လိုဟာမျိုးတွေမှာ ဒါမျိုး အသုံးချမလဲ၊ အသုံးချသင့်လဲကတော့ ကိုယ်တိုင်သာ ရွေးချယ် တိုင်ပင်ကြရမှာပါ။ မဖြစ်မနေ ထည့်သွင်း စဉ်းစားသင့်တာက ဒါမျိုးကစားပြီးရင် reward လုပ်ဖို့ပါပဲ။ နမူနာပြခဲ့တဲ့ မြင်ကွင်းမျိုးဆိုရင် သားကောင်လုပ်သူ ပြီးမြောက်အောင် (orgasm) လုပ်ပေးခြင်းဟာလည်း reward တစ်မျိုး ဖြစ်နိုင်ပါတယ်။
သတိပြုဖွယ်ရာများ...
• နှစ်ဦးစလုံးပျော်ရွှင်မယ့် နည်းလမ်းတွေကိုသာ သေချာ တိုင်ပင် ရွေးချယ်သင့်ပါတယ်။
• နမူနာပြခဲ့တဲ့ မြင်ကွင်းလိုမ ျိုး သဘာဝကျကျ ကစားဖို့အတွက်က role play အတွေ့အကြုံကောင်းတွေ ရှိထားသူတွေအတွက်သာ ပိုအဆင်ပြေနိုင်ပါတယ်။
• စတင်ပြီး လုပ်ကြည့်ချင်သူတွေအတွက်က လွယ်တာမျိုးက စသင့်ပါတယ်။ ဥပမာ သားကောင်ဟာ ချည်ပြီးတုပ်ပြီး ဖြစ်နေတဲ့ အဆင့်မျိုးက စတာမျိုးပေါ့။
Note: ဘယ်တုန်းက လေ့လာ သိမ်းဆည်းထားမိတာလည်းတော့ မသိ...ဖိုင်တွေ ရှင်းရင် ဒီအကြောင်းရာနဲ့ ဆိုင်တာ တွေ ပြန်တွေ့လို့ ဟိုနည်းနည်း ဒီနည်းနည်း ဖတ်ကောင်းအောင် ကောက်နှုတ်ဘာသာပြန်ထားတာပါ။
ကဲ သဘောမတူဖို့အတွက် သဘောတူနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။