ဘယ်နေရာပဲ ဖြစ်ဖြစ် စတင်ချင်တဲ့ အသစ်ဆိုတာ knowledge ပိုင်းပဲ ဖြစ် တခြားအပိုင်းမှာပဲ ဖြစ်ဖြစ် အကြံပေးမယ့်သူ ရှင်းပြမယ့်သူ လမ်းကြောင်းတည့်မတ်ပေးမယ့်သူ လိုတတ်ပါတယ်။
(ဒီအကြောင်း ရေးဖို့ တွေးမိတာတော့ ခဏခဏပဲ၊ ဒါပေမယ့် တစ်ဖက်မှာကျ ရေးလိုက်ရင် သောက်ဆရာကြီးလုပ်တယ် (ဒါမှမဟုတ်) ဒီထဲက စီနီယာတွေကို ဇမ်းတင်တယ် လို့ အထင်မှားပြီး မလိုလားအပ်တာတွေ ဖြစ်လာမှာစိုးတာရယ်၊ များသောအားဖြင့်လည်း နောက်ပိုင်း newbie တွေက လေ့လာနိုင်ကြတယ် လို့ ယူဆတာရယ်ကြောင့် မရေးတာပါ။)
သို့သော်လည်း အံသြစရာတွေ ဒီကြားထဲမှာ ကြားနေတာလည်း ရှိတယ်။ တချို့သော newbie တွေ အူလည်လည်နဲ့ လမ်းကြောင်းတွေ မှားဝင်တတ်ကြတုန်းပဲ။ (တချို့ နာမည် တပ်ရေးဖို့ မလိုပေမယ့်၊ ပြောရရင် အွန်လိုင်းကနေ တွေ့ဆုံရာမှာ in person မဟုတ်တာကို အကြောင်းပြုပြီး၊ ပုံအမှန် မဟုတ် အချက်အလက် အ မှားတွေနဲ့ လိမ်ညာလှည့်ဖျားတာ၊ တချို့ သောက်တလွဲကောင်တွေ female ယောင် ဆောင်ပြီး ယုတ်မာတာမျိုးတွေက ရှိနေကြတာမို့ တချို့သော Newbie တွေအတွက် ကျွံသွားချိန် ရုန်းမရ ဖြစ်စေနိုင်ပါတယ်။)
ဒါကြောင့် BDSM Mentorship အကြောင်း တွေးမိသမျှနဲ့ တွေ့မိသမျှတွေကို ရေးထားပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါ... အထူးသဖြင့် newbie တွေအတွက်ပါ။ ပြီးတော့ Mentor လုပ်ဖို့ စိတ်ဝင်စားတတ်ကြသူတွေ အတွက်လည်း စိတ်ဝင်စားစရာတွေ တွေ့မယ် မျှော်လင့်ပါတယ်။

Newbie တွေ အတွက် Mentor လိုလို့လား?
တကယ်လို့များ BDSM ထဲမှာ အသစ်တစ်ယောက် အနေနဲ့ စတင်ချင်တယ်ဆိုရင်၊ ပြီးတော့ သေချာလည်း ထဲထဲဝင်ဝင် မသိရှိ နားမလည်သေးဘူး ဆိုရင်တော့ လမ်းကြောင်းမှားဝင်တာမျိုးကို ရှောင်နိုင်ဖို့ Mentorship လုပ်ပေးမယ့် နားလည်သူ၊ အတွေ့အကြုံရှိသူ လိုပါတယ်။
A Mentor Is Not Your Dom!!!
Mentor ရဲ့ အဓိပ္ပါယ်ကိုက အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရသော အကြံပေးသူ၊ လေ့ကျင့်ပေးသူ လို့ ဆိုတာမို့ ကိုယ့်ရဲ့ Mentor ဟာ ကိုယ့်ရဲ့ ဆရာသဘောပေမယ့် ဒီအဓိပ္ပါယ်က ကိုယ့်ရဲ့ Dom or Master လို့ ဆိုလိုတာ မဟုတ်ပါဘူး။
လိုအပ်လို့ Mentor ရှာမယ်ဆိုပါတော့ ... ဘယ်လို ရှာကြမလဲ?
ဒီလောကမှာ လမ်းကြောင်းမှားဝင်မှာစိုးလို့ ဆရာရှာခါမှ ဆရာကပါ လွဲနေရင် ဘယ်လို လုပ်ကြမလဲ?
ဒါကြောင့် Mentor တစ်ယောက်ကို ဘယ်အချက်တွေနဲ့ ကိုက်ပြီး ရှာမလဲရယ်၊ ကိုယ့် mentor နဲ့ပတ်သက်လို့ သတိထား စောင့်ကြည့်ရမယ့်အချက်တွေကို အောက်မှာ ရေးပေးထားပါတယ်။
ကိုယ့်အတွက် Mentor ကောင်းတစ်ယောက် ရှာတဲ့နေရာမှာ ထည့်စဉ်းစားရမယ့် အချက်များ ...
၁။ သူတို့ရဲ့ စတိုင်နဲ့ အယူအဆတွေ ဟာ ကိုယ့်ပင်ကိုယ် စိတ်ဝင်စားမှုနဲ့ လိုက်လျောညီထွေ ဖြစ်ရဲ့လား?
ဒါကို သေချာဖို့ဆိုရင် ပထမဆုံးတော့ ကိုယ်က စပြီး အင်တာဗျူး လုပ်သင့်ပါတယ်။ သူတို့ ဘယ်လိုပုံနဲ့ BDSM ဖြစ်လာသလဲ? ဒီအပေါ်မှာ သူတို့ရဲ့ အမြင်/အယူအဆ? D/s relationship နဲ့ ကစားနည်းတွေ အကြောင်း စတဲ့ သူ့ရဲ့ တစ်ကိုယ်ရေ အမြင်ကို သိအောင် မေးကြည့်ပါ။ ကိုယ့်အယူအဆနဲ့ ကိုယ်သဘောပေါက်ထားတာမျိုးနဲ့ ကိုက်ညီနေတဲ့ အခါမှာ ဒီလို လူမျိုးဟာ ကိုယ်နဲ့ သင့်တော်သူ Mentor ဖြစ်နိုင်ချေ ရှိပါတယ်။
ကိုယ်တိုင်က အသစ် တစ်ယောက်မို့ တချို့ ဖွင့်ဆိုချက်တွေကို မသိသေးတာကြောင့် Mentor တစ်ယောက်ကို တစ်ထိုင်တည်း ရွေးပစ်တာထက် သူတို့နဲ့ တိုင်ပင်ပြီးနောက် Open Mentor အဖြစ် သတ်မှတ်တာမျိုး လုပ်တာ ပိုကောင်းပါလိမ့်မယ်။ (open mentor ဆိုတာ ကြုံကြိုက်ချိန်မှာ သိချင်တာမေးမယ်၊ သူကလည်း အဆင်ပြေသလို ကိုယ်လေ့လာသင့်တဲ့ အပိုင်းတွေကို အကြံပေးမယ်၊ အဲလို သွားရင်းနဲ့မှ Mentor တစ်ယောက် သတ်သတ်မှတ်မှတ် ရတဲ့အထိ သို့မဟုတ် ကိုယ်သွားချင်တဲ့ဆီရောက်ပြီလို့ ယူဆချိန်အထိ အကြံပေး ဆွေးနွေး လမ်းညွှန်ပေးသူပါ။)
၂။ ပွင့်လင်းစွာ ပြောဆို ဆွေးနွေးခွင့် ရရဲ့လား? ဒါမှမဟုတ် ကိုယ့်ကို မေးခွန်းတွေ အများကြီးထုတ်ပြီး ဖိအားပေးခံရသလား?
တကယ့် Mentor ကောင်း တစ်ယောက်ဟာ အပြန်အလှန် စကားပြောချိန်မှာ ငြိမ်သင့်ချိန် ငြိမ်နေပါမယ်။ ရှင်းပြသင့်ချိန် ရှင်းပြပါလိမ့်မယ်။ ပြီးတော့ တစ်ဖက်လူက ပြောချင် သိချင်တာရဲ့ လမ်းကြောင်းပေါ် ကနေပဲ ထိန်းကြောင်း ပြောဆိုပါတယ်။ သူ့ဖက်က မေးခွန်းပေါင်းများစွာနဲ့ ဖိအား မပေးပါဘူး။ နောက်ပြီး မေးခွန်းတွေ မေးရင်လည်း သတိထားကြည့်ဖို့က မေးလာတဲ့ မေးခွန်းဟာ ကိုယ့်အတွက် အတွေးတွေပေးပြီး ကိုယ့်အကြောင်း ကိုယ်သိဖို့ အထောက်အကူ လုပ်တဲ့ မေးခွန်းလား၊ မဆိုင်တဲ့ တခြား personal ကိစ္စတွေအပေါ် စောင်းပေးနေသလားဆိုတာ အရေးကြီးပါတယ်။ ဘယ်လို လူမျိုးက mentor ကောင်းဆိုတာတော့ ဒီအပေါ် ချင့်ချိန် စဉ်းစားဖို့ပါ။
၃။ သူတို့ ပြောနေတာကို သူတို့ သေချာနားလည်သိမြင်တာ ဟ ုတ်ရဲ့လား?
နောက်ဆုံးပေမယ့် အရေးအကြီးဆုံး အချက်လို့ ဆိုပါတော့။ ကိုယ်နဲ့ ဆွေးနွေးသူ Mentor အဖြစ် စဉ်းစားထားသူဟာ သူပြောတဲ့ အကြောင်းအရာမှာ သူကိုယ်တိုင်က ထဲထဲဝင်ဝင် နားလည်ပြီး ရှင်းပြသူလားဆိုတာ ချင့်ချိန် လေ့လာပါ။ BDSM က အမျိုးစုံလင်လွန်းတာမို့ Mentor တစ်ယောက်ဟာ အားလုံးကိုတော့ သိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ စိတ်ဝင်တစား သွားနေတဲ့ အပိုင်းမှာတော့ ထဲထဲဝင်ဝင် သိကြသူတွေ ဖြစ်ရမှာပဲ။ ဒါကြောင့် ကိုယ်သိချင်တဲ့ အကြောင်းအရာ ကိုယ်စိတ်ဝင်စားတာကို Mentor ဟာ ဂဃနဏ ရှင်းပြနိုင်သူလားဆိုတာလည်း လေ့လာချင့်ချိန်ဖို့ပါ။
ဒီနေရာမှာ Pro-Dom/ Sub တွေလည်း Mentor ဖြစ်နိင်ပါတယ်။ သူတို့က professional အဖြစ်သွားနေသူတွေမို့ ယေဘူယျအားဖြင့်တော့ သူတို့လိုင်းမှာ သူတို့ ကျွမ်းကျင်ကြပါတယ်။ (သို့သော် ထုံးစံအတိုင်းပဲ pro လို့ ဆိုတိုင်း pro တကယ် မဟုတ် ဖြစ်နေနိုင်တာကိုလည်း သတိထားရမှာပေါ့။)
Mentor ရွေးရာမှာ ထည့်စဉ်းစားရမှာ ရေးပြီးရင်တော့ အဲလို ရွေးချယ်ဖို့ စဉ်းစားနေချိန်မှာ ကိုယ့်ဖက်က လုပ်သင့်တာ သတိထားသင့်တာ တချို့လည်း ရှိပါသေးတယ်။
၁။ မျက်စိဖွင့် နားစွင့်ထားပါ။ ကိုယ့် mentor ဟာ အတွေ့အကြုံ ရှိသူ ဖြစ်တာနဲ့ အညီ ဒီလောကမှာ သူ့ရဲ့ တခြား အသိတွေ ရှိပါလိမ့်မယ်။ သူတို့ကြားက အမြင်တွေ ဆက်ဆံရေးတွေကို လေ့လာခြင်းအားဖြင့် ကိုယ့် mentor ဟာ ဘယ်လို လူမျိုးလဲဆိုတာ ဆဝါးနိုင်ပါတယ်။
၂။ Mentor ဟာ ကိုယ့်စိတ်ဝင်စားတဲ့ အပိုင်းကို ကျွမ်းကျင်သူလို့ သတ်မှတ်ရတာမို့ ယေဘူယျအားဖြင့် ကိုယ်က submissive ဆို submissive ကို ရွေးချယ်တာ ပိုကောင်းပါတယ်။ တစ်ဖက်မှာလည်း top သမားကို လုံးဝ mentor အဖြစ် မသတ်မှတ်နဲ့လို့ ဆိုလိုတာမဟုတ်။ တခါတလေမှာ ဆန့်ကျင်ဖက် role ကနေ နည်းပေး လမ်းပြလုပ်ခြင်းဟာလည်း ကိုယ့်အတွက် အကျိုးရှိစေနိုင်ပါတယ်။
၃။ ကိုယ်သေချာသိတဲ့လူကို Mentor အဖြစ် ရွေးတာက ပိုစိတ်ချရတဲ့ ဆရာတစ်ယောက် ရတာမို့ ဖြစ်နိုင်ရင်တော့ in person အဖြစ် အကြောင်းသိထားသူ မဟုတ်တောင် အွန်းလိုင်းပေါ်မှာ သူ့အကြောင်းတွေကို ကောင်းကောင်း သိထားရသူဆိုရင် ရွေးသင့်တဲ့ အချက်တစ်ခုပါပဲ။ (private info တွေအထိ သိရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး)။
၄။ ဒါလည်း နောက်ဆုံးပေမယ့် အရေးအကြီးဆုံး အချက်ပါ။ ဘယ်သူ့ကိုမှ Mentor အဖြစ် မထားခင် ကိုယ်လိုချင်တာလောက်တော့ ကိုယ်သိအောင် လုပ်ပါ။ ဒါမှပဲ ကိုယ်နဲ့ အဆင်ပြေမယ့် Mentor ကို ရှာနိုင်ပါလိမ့်။ (အပေါ်ဆုံး စာကြောင်းမှာ ရေးထားသလိုပဲ Newbie တွေဟာ mentor လိုတတ်တယ်၊ ဒါပေမယ့် အသစ်ဆိုတိုင်း ဆရာလိုတယ်လို့ လှေနံဓါးထစ် ထားစရာတော့ မလိုပါဘူး။)
ဒါတွေက စဉ်းစားမိတာရော လေ့လာထားတာတွေရော ကြုံဖူးတာတွေရော အကုန်ပေါင်းစပ်ရေးထားတာပါ။ နည်းနည်းတော့ စာရှည်ပေမယ့် ဒါတောင် ရေးချင်တဲ့ အချက်အားလုံး ခြုံမိတယ် မဆိုနိုင်ပါဘူး။ အရေးကြီးတဲ့ တချို့အစိတ်အပိုင်းလေးတွေလောက်ကိုသာ ကာမိတယ် ဆိုရုံမျှပါပဲ။
တချို့အတွက် (Newbie မျာ းအတွက်) တကယ်လို့များ သိချင်တာရှိရင် page ကို Message ပို့ မေးနိုင်ပါတယ်။
လာမေးသူတွေ ရှိပေမယ့် Mentor လုပ်ဖို့ကျ အချိန်လည်း သိပ်မပေးနိုင်၊ ကြုံရင် ကြုံသလိုသာ သိချင်လို့ မေးလာတာတွေ ပြန်ဖြေပေးဖြစ်ပါတယ်။ Open Mentor အဖြစ် ကျနော့်ကို လာမေးရင် တိုင်ပင်ချင်တာရှိရင်
message ပို့ထားနိုင်ပါတယ်။ တစ်ခုပါပဲ အချိန်နည်းနည်းတော့ စောင့်ရနိုင်ပါတယ်။
များသောအားဖြင့်တော့ weekend (အလုပ်အနားယူတဲ့ ရက်တွေ) မှာပဲ ဒီဖက်ကို ရောက်တာမို့ အဲဒီရက်တွေမှာ ပြန်ပြောထားပေးပါ့မယ်။