
မှန်နဲ့ ဆက်ဆံတာ မဟုတ်ပါဘူး၊ မှန်အရှေ့မှာ ဆက်ဆံကြတာကို ပြောတာပါ။
တချို့သော သူတွေဟာ မှန်အရှေ့မှာ ဆက်ဆံကြရင်းက ကိုယ့်လှုပ်ရှားမှုတွေကို ကိုယ်ပြန်ကြည့်ချင်တဲ့ ဆန္ဒတွေ ပြင်းပြကြပါတယ်။ တချို့ဆို အိပ်ယာအထက်က မျက်နှာကျက်မှာပါ မှန်အပြည့်တပ်ထားတာမျိုး လုပ်ကြပါတယ်။
ဒီလိုလုပ်ကြတာ ဘာကြောင့်ပါလဲ? ဘာများ အရသာရှိလို့လဲ? လို့... ဆိုရင် အောက်က အကြမ်းဖျဉ်း ရှင်းပြထားတဲ့ အချက်တွေကို လေ့လာနိုင်ပါကြောင်း...။
၁။ လူတိုင်းနီးပါးရဲ့ လိင်ဆန္ဒအာရုံကို နှိုးဆွနိုင်မှုဟာ မြင်ရမှုကနေ စတင်တယ်ဆိုတာ ငြင်းမရပါဘူး။ ဆက်ဆံနေချိန်မှာ ကိုယ့်အဖော်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားနေမှု၊ မျက်နှာအမူအယာ ပြောင်းလဲနေမှုကနေ ခံစားမှု အရှိန် မြင့်တက်စေသလိုပဲ၊တစ်ဖက်မှာလည်း ကိုယ်တိုင်ရဲ့ လှုပ်ရှားနိုင်စွမ်း၊ ဒါမှမဟုတ် အလိုက်သင့် လှုပ်ရှားနေမှ ုကို မှန်ကနေ တစ်ဆင့် မျက်ဝါးထင်ထင်မြင်ရတာဟာ လိင်ဆန္ဒကို ပိုကြွစေနိုင်လို့ပါ။
၂။ ကိုယ့်အဖော်နဲ့ ကိုယ်ရဲ့ လှုပ်ရှားမှုကို မြင်ရတာတင် မကသေးတဲ့ နောက်တစ်ချက်က နှစ်ဦးအကြား အပြန်အလှန် တုံ့ပြန်မှု ပိုကောင်းအောင် လုပ်နိုင်လို့ပါ။ ဥပမာပေးရရင်... တချို့သော position တွေမှာ အချင်းချင်း တစ်ယောက်မျက်နာ တစ်ယောက် မတွေ့ ရပါဘူး။ ဒါပေမယ့် မှန်ရှေ့မှာသာဆို သေချာပေါက် မြင်ကြရမှာပါပဲ။ doggy လို နည်းမျိုးတွေပေါ့။
၃။ နောက်တစ်ခုက တချို့သော fantasy နဲ့ ဆိုင်ပါတယ် (ဥပမာ voyeur or exhibitionist သမားတွေ)။ ကိုယ့်ရဲ့ sex လုပ်နေချိန် ဖြစ်ပျက်တာတွေကို မှတ်တမ်းတင်ချင်တာ၊ video record လုပ်ချင်တာမျိုး စိတ်ရှိသူတွေအဖို့တော့ ဒီ mirror sex ဟာ တကယ့် အစစ်အမှန် porn scene တစ်ခု အဖြစ် မြင်တွေ့ ခံစားရစေတာပါပဲ။ ကိုယ်တိုင်ကလည်း တကယ့် porn star တစ်ယော က်လို ခံစားချင် သရုပ်ဆောင်ချင်တဲ့ စိတ်ရှိရင်တော့ ပိုလို့ တောင်မှ အရသာခံစားမှု ထူးကဲစေတဲ့ နည်း ဖြစ်ပါတယ်။ (group sex သမားတွေလည်း ဒါကို ကြိုက်ကြပါတယ်။)
၄။ တခြား အချက်တချို့ တွေ ရှိသေးပေမယ့် ဒီလောက်ဆို ခြုံငုံမိမယ် ထင်ပါတယ်။ နောက်ဆုံး နံပါတ်လေး ကတော့ စိတ်ချရမှု ရှိလို့ ဖြစ်ပါတယ်။ တချို့အတွက်က ဘယ်လောက်ပဲ စိတ်က လုပ်ချင်သည်ဖြစ်စေ မှတ်တမ်းတင်တာ တွေ လုပ်ဖို့ကျလည်း risk မယူချင်ကြပါဘူး။ ဒီအခါမျိုးမှာ မှန့်အရှေ့ ကစားလိုက်ခြင်းဟာ အကောင်းဆုံးသော စိတ်ဖြေစရာတစ်ခု ဖြစ်သွားတော့ တာပါပဲ။
အားလုံးပဲ မှန်အရှေ့မှာ ပျော်မွေ့ကြပါစေ။....
..........................................................
Note: ခုကာလအတွင်း ကျနော် အတော်လေး ကိစ္စများမြောင ် ဤလူ့ဘောင် ဖြစ်နေလို့ စာရေးကျဲနေပါတယ်။ ခုလည်း အရင် note လေးတွေထဲက ဆွဲထုတ်ပြီး အချောသပ်တင်လိုက်ရတာပါ။ အားလုံးပဲ နားလည်ပေးကြစေလိုပါကြောင်းနဲ့ တတ်နိုင်သမျှ post တွေ တင်ပေးသွားပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Stay Safe