
ကိုယ့်လိုင်း မဟုတ်သော်ငြား BDSM ထဲက ဘာသာရပ်ခွဲ တစ်ခုကို အလှည်ပေးခ ျင်ပါတယ်။ cuckold ဆိုတာ fetish တစ်မျိုးပါပဲ။ အစကတော့ Cuckolding အကြောင်းပဲ ရေးဖို့စဉ်းစားထားပေမယ့် သူနဲ့ဆက်နွယ်ပြီး မပါမဖြစ် cuckold and cuckquean, hot wife, bull တို့ အကြောင်းပါ ရေးမှ ပြည့်စုံမယ် ထင်လို့ လေ့လာဖတ်ရှုမိ စပ်စုမိသမျှတွေကို လျှောက်ရေးထားပါတယ်။
ပထမဆုံးတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကြည့်ကြတာပေါ့။
#Cuckolding ဆိုတာ မိမိရဲ့ အဖော်က တပါးသူနဲ့ ဆက်ဆံတာကို စောင့်ကြည့်ပြီး ပျော်ရွှင်ကျေနပ်မှု ကို ခံစားတဲ့ fetish တမျိုးဖြစ်ပါတယ်။ တတိယသူအပါအဝင် ၃ ဦး ၃ ဖလှယ် သဘောတူညီချက်အရ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
#Cuckold ဆိုတာကတော့ အမျိုးသားကို ကိုယ်စား ပြုပါတယ်၊ မိမိရဲ့ အဖော် သို့မဟုတ် မိမိရဲ့ ဇနီးမယားကို တစ်ပါးသူနဲ့ ဆက်ဆံတာကိုမှ သဘောတကျ ဖြစ်ရတဲ့ အမျိုးအစားပါ။ (သူတို့ရဲ့ ခံစားလိုမှု အကြောင်းတွေကို အောက်မှာ နည်းနည်း အကျယ်ချဲ့ရေးပြထားပါတယ်။)
#Cuckquean ဆိုတာကတော့ Cuckold ရဲ့ ဆက်ကျင်ဖက် လိင် အမျိုးသမီးကို ညွှန်းတာပါပဲ၊ အဖော် အမျိုးသား သို့မဟုတ် လင်ယောက်ကျားနဲ့ တပါးသူ ဆက်ဆံတာကို စောင့်ကြည့်ချင်သူပေါ့လေ။
#Hotwife ကတော့ Cuckold ရဲ့ ချစ်သူ သို့မဟုတ် ဇနီးမယားကို ညွှန်းတာပါ၊ သူဟာ ချစ်သူ/လင်ယောက်ကျား ရဲ့ခွင့်ပြုချက်၊ တိုက်တွန်းချက်နဲ့ အညီ တစ်ပါးသူနဲ့ ဆက်ဆံတာ ဖြစ်ပါတယ်။ (အမျိုးသား male အတွက်တော့ သီးသန့် စကားလုံး မတွေ့မိသေးပါ။)
#Bull ကတော့ စုံတွဲကြားဝင်ပါမယ့် တတိယလူကို ရည်ညွှန်းပါတယ်။ ဒီနေရာမှာတော့ ကျား/မ ခွဲခြားမှု မရှိပါဘူး၊ bull ဟာ အမျိုးသားလည်း ဖြစ်နိုင်သလို အမျိုးသမီးလည်း ဖြစ်နိုင်ပါတယ်။
အဓိပ္ပါယ်ဖွင့်ပြီးရင်တော့ သိသင့်တဲ့ အချက်တချို့ဆီ ဆက်သွားပါမယ်။
Cuckolding ကို ဘာလို့ များစွဲလမ်း နှစ်သက်တတ်ကြပါသလဲ?
Cuckolding ဆိုတာ သာမန်အတွေးအားဖြင့်တော့ အတော်ကို အူကြောင်ကြောင် နိုင်တ ယ်၊ ရူးနှမ်းတယ်လို့ အပြောခံရမယ့် ကိစ္စကြီး ဖြစ်နေတာပါပဲ။ ဒီမှာဆိုရင်တော့ လူအများကြား ဒီလိုသတင်းမျိုး ပြန့်သွားခဲ့ရင် (အထူးသဖြင့် အိမ်ထောင်သည်တွေအတွက်) ဘဝတွေ ချီပြီး ဒုက္ခရောက်သွားနိုင်ပါတယ်။
ဒါပေမယ့် ဒီအရသာကိုပဲ မက်မောတဲ့သူတွေဟာ မများဘူးဆိုရင်တော့ သိပ်နည်းတယ်တော့ မဟုတ်ပါဘူး၊ (ကျနော်ကိုယ်တိုင် တွေ့ဖူးတာ လင်မယား နှစ်စုံတွဲလောက် ရှိပါတယ်၊ CC and hotwife တွေပါ၊ သူတို့ကိုယ်တိုင်က ဒီ cuckolding လုပ်နေကြတာလို့ မသိပါဘူး (educated တွေ မဟုတ်ပါဘူး၊ ရွာတစ်ရွာနဲ့ နယ်မြို့လေး တစ်မြို့ကပါ)၊ သူတို့ကြိုက်တာ သူတို့ လုပ်နေကြတာပါပဲ။)
သိပ္ပံနည်းကျ လေ့လာချက်တွေအရ ဒီနည်းကိုမှ သဘောကျတဲ့ သူတွေအတွက် အဓိက အကြောင်းပြချက်တချို့ ရှိပါတယ်။
ပထမဆုံးကတော့ ဇီဝဖြစ်စဉ်အရကို ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ ကိုယ့် အဖော်ကို ဖောက်ပြန် ဆက်ဆံပြတာကို ကြည့်ခြင်းအားဖြင့် ကိုယ်တိုင်ရဲ့ လိင်ဆိုင်ရာ ဇီဝဖြစ်စဉ် ပိုကြွပိုကောင်းလာလို့ပါတဲ့။ (sperm competition theory လို့ ပြောတာပါပဲ။)
နောက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာအရ မနာလိုမှုကို ခံစားတာပါ၊ လိင်ဆက်ဆံနေတာကို ကြည့်ရင်း ဖြစ်ပေါ်လာတဲ့ မနာလိုစိတ် အားကျစိတ်ဟာ cuckolding လုပ်နေသူအတွက်တော့ စိတ်လှုပ်ရှားပြင်းထန်လာစေသလို လိင်စိတ်နိုးကြွမ ှုလည်း ပြင်းလာစေတတ်လို့ပါတဲ့။ နောက်စိတ်တမျိုးက ကိုယ့်အဖော်ရဲ့ ကျေနပ်နေမှုကို သဘောကျစိတ် ဖြစ်ပေါ်နေတာပါ။
Humiliation ဖြစ်ရတဲ့ ခံစားချက်ကိုလည်း cuckolding သမားဟာ ခံစားရပြန်ပါသေးတယ်၊ ကိုယ့်အဖော်နဲ့ bull တို့ရဲ့ ကျေနပ် ပျော်ရွှင်ပြီး ကိုယ့်အရှေ့မှာ ဖြစ်ပျက်ပြနေတာကို သာယာနေမိတတ်တာပါပဲ။ ပြီးတော့ cuckolding လုပ်သူဟာ bull ကို submission လုပ်ပေးနေရတာလို့ ဆိုနိုင်ပါတယ်။ ကိုယ့်အဖော်နဲ့ ကိုယ့်ရဲ့ သာမန် အချိန်နေရတဲ့ role ကို သူများကို ပေးလိုက်ရတာ မဟုတ်လား။ လှေနံဒါးထစ်တော့ မဟုတ်ပါဘူး၊ hotwife သမားဟာလည်း dominant role ကို ယူတာ ရှိတတ်ပါတယ်။
Hotwife ရဲ့ ကဏ္ဍ
Hotwife (male and female နှစ်မျိုးစလုံးအတွက်) ကတော့ ဖောက်ပြန်တာမဟုတ်ပဲ ကိုယ့်ရဲ့ လင်ယောက်ကျား/ချစ်သူ/ဇနီးမယားရဲလိုအင်ကို ကျေကျေနပ်နပ်ဖြည့်ပေးတာ မျိုးပါပဲ။ (ထပ်ပြောရရင် bull အတွက် မဟုတ်ပါ ကိုယ့်ရဲ့ cuckold/cuckquean အတွက် ကစားတာ ဖြစ်ပါတယ်။)
ကိုယ်တိုင်က Polyamory စိတ်ရှိတတ်သူတွေလည်း ဖြစ်နိုင်ပါတယ်။လိင်စိတ်ကျေနပ်မှု sexual pleasure ကို ခံစားကြည့်ရုံပါ။ အထူးတာဝန်ယူရတာ ခံစားမှုတွေ ရယူခံစားတာရယ်လို့ သတ်မှတ်ထားစရာ မလိုပါဘူး။
(cuckold သမားကသာ အပေါ်က ဖော်ပြခဲ့တဲ့ စိတ်အရသာကို ခံစားတာ ဖြစ်ပါတယ်။) သို့သော်လည်းပေါ့လေ တစ်ဦးချင်းစီရဲ့ personality အလိုက် ကစားခန်းအတွင်းမှာ dominating ဒါမှမဟုတ် submission လုပ်တာလည်း ရှိနိုင ်ပါတယ်။
Bull ရဲ့ ကဏ္ဍ
Bull ရဲ့ တာဝန်ယူမှု နေရာယူမှုကလည်း အဓိကအချက် တစ်ခုတည်း ရှိပါတယ်၊ လိင်မှုဆန္ဒ လိုချင်နေသူကို ဖြည့်ဆည်းပေးရတဲ့ သူအဖြစ် နေရတာပါ၊ တစ်ခုပဲ နှောင်ကြိုးမဲ့ ဆက်ဆံရေး (no-strings-attached sex) ဖြစ်ရပါလိမ့်မယ်။
နောက်မီးလင်း ဖောက်ပြန်သူ အကွက်ချိုးလို့ မရပါဘူး။ cuckold နဲ့ hotwife ရဲ့ လိုအင်ကို လိုလိုချင်ချင် ဖြည့်ဆည်းပေးသူ မျှသာပါပဲ။
Cuckold/Cuckquean သမားများအတွက် သိထားသင့်တာ တချို့ကတော့....
ရုပ်ပိုင်းဆိုင်ရာ အရ (ကိုယ်တိုင်စောင့်ကြည့်မှ) မဟုတ်ပါဘူး ကိုယ့်ရဲ့အဖော်က တပါးသူနဲ့ လိင်ဆက်ဆံတာတွေကို ပြန်ပြောပြတာကို နားထောင်ပြီးလည်း cuckold ကို ခံစားနိုင်တာ ရှိပါတယ်။ (တချို့က စောင့်ကြည့်တာထက် ပြန်နားထောင်မှ အဆင်ပြေတာမျိုးလည်း ရှိနေနိုင်တာပါပဲ။ တခါမှ မလုပ်ဖူးသေးပဲ ပထမဆုံး အနေနဲ့ စမ်းသပ်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။)
Bull ရှာတဲ့ နေရာမှာ... အားလုံး သိတဲ့အတိုင်းပါပဲ၊ အဆင်မပြေဖို့က ပိုများပါတယ်။ အယောင်ဆောင် သမားတွေက sex ရ ပြီးရော လာနိုင်ပါတယ်။ bull တစ်ယောက် စောင့်ထိန်းရမယ့် အချက်တွေကို မလိုက်နာနိုင်ပဲ လာမယ့်သူတွေပေါ့။ ဒါကြောင့် ... bull တစ်ယောက်ကို ရွေးချယ်ဖို့ ၊ ဒိတ်ဖို့ စဉ်းစားပြီ ဆိုရင် ...
၁။ ဘယ်သောအခါမှ ကိုယ့်ရဲ့ အကြောင်း (your information/ address or business) ဘာကိုမှ ပေးမသိလေ ကောင်းလေပါပဲ။
၂။ ပထမဆုံး စတင်တွေ့ဆုံ ဆွေးနွေးချိန်ဟာ အိပ်ခန်း မဖြစ်ပဲ အများလူမြင်ကွင်းမှာပဲ ဖြစ်သင့်ပါတယ်။
၃။ တကယ်လို့ တစ်ယောက်တည်း လွှတ်ပေးတာမျိုးဆိုရင် ဘယ်လို နေရာကို သွားတယ်ဆိုတာ နဲ့ ဘယ်အချိန်မှာ ပြန်မယ် ဆိုတာ ကိုယ့်ရဲ့ cuckold/cuckquean ကို တိတိကျကျ အသိပေးရပါမယ်။
၄။ တကယ်လို့ ထိုးသွင်းဆက်ဆံမှု တွေပါရင် condom ကို သုံးကို သုံးရပါမယ်၊ မလိုလားအပ်တဲ့ ဆိုးကျိုးပေါင်းစုံ ရှောင်ဖို့ပါ။ (တစ်ခါက bull တစ်ယောက်ရဲ့ comment ကို ဖတ်လိုက်ရပါတယ်။ သူက တက္ကသိုလ်ကျောင်းသားပါ၊ bull လုပ်ရင်းနဲ့ hotwife မှာ ကိုယ်ဝန်ရှိသွားပါတယ်။ ကလေးစားရိတ်ကို သူတာဝန်ယူရမှာမို့ သူဒုက္ခရောက်ရတဲ့ အကြောင်း ရေးထားတာပါ။ ဒီနိုင်ငံမှာကတော့ ရူးချင်ယောင် ဆောင်သွားဖို့ များပါတယ်။)
၅။ လိင်ကတဆင့် ကူးစက်ရောဂါတွေ မဖြစ်အောင် sex knowledge လည်း ရှိဖို့လိုပါတယ်။
၆။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားမှု မဖြစ်အောင်လည်း သတိထားပါ။ လူ့စိတ်ဟာ ဆန်းကျယ်ပြီး ပြောင်းလဲတတ်တာမို့ တကယ် ကစားကွင်းထဲ ရောက်ချိန်မှာ ဆက်မသွားနိုင်ဘူး ဖြစ်လာတာ၊ ဒါမှမဟုတ် ကိုယ့်အဖော်နဲ့ bull ဟာ သာမန်ထက် (hotwife and bull) ထက် ပိုတဲ့ ဆက်ဆံရေးတွေ ရှိလာချိန်မှာ cuckold/cuckquean အဖို့တော့ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှု ဖြစ်တတ်တာကြောင့် အထူးသတိထားဖို့လိုပါတယ်။ ပါဝင်ပတ်သက်သူတိုင်းဟာ ရိုးသားပွင့်လင်းဖို့ လိုသလို၊ တိုင်ပင်သင့်တဲ့ အချက်အားလုံးကို အသေးစိတ် တိုင်ပင်ဆွေးနွေး ညှိနှိုင်းထားဖို့လိုပါတယ်။
အနှစ်ချုပ်ရရင်တော့ CC ခံစားမှုဟာ fetish တမျိုးပါပဲ၊ vanilla style အတိုင်း ရိုးရိုး sexual ဖြစ်နိုင်သလို dominating/submission တွေပါ အပါအဝင်လည်း ဖြစ်နိုင်ပါတယ် (အခ ြေခံအားဖြင့်တော့ ပါပြီးသာပါ၊ bdsm games တွေ ပါချင်လည်းပါနိုင်တယ်လို့ ဆိုချင်တာပါ)။ လင်မယားမှ လို့ ပုံသေကားချပ် မဟုတ်ပဲ စုံတွဲတွေလည်း ဒီအထဲမှာ စီးမြောပါဝင်နေပါတယ်။
Note: ကိုယ်တိုင်က ဒီလိုင်းမဟုတ်တော့ စာတွေ့ရေးတာမို့ လွဲမှားသလို ဖြစ်တာမျိုးရှိရင် ထောက်ပြ ဝေဖန်ပေးနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် sexual pleasure or sensational and power games ကို ရယူ ခံစားကြရာမှာ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေဘူး ဆိုရင် ဘာလုပ်လုပ် မှန်တယ်လို့ ကျနော်ကတော့ သတ်မှတ်ထားတာပါပဲ။