ဘာကြောင့် လည်ပတ်လေးတွေ ဆင်မြန်းတတ်ကြပါသလဲ?

Sub တွေထဲက အတော်များများဟာ လည်ပတ်တွေ ဝတ်ဆင်တတ်ကြ/ကြရ လေ့ရှိပါတယ်။ အကြောင်းအ ရင်း ကို လိုရင်းခြုံပြောရရင်တော့ ၃ မျိုးရှိပါတယ်။
တစ်အချက်က နှိမ့်ချခြင်း (submission) ပါ၊ Sub တစ်ယောက်ဟာ လည်ပတ်ဝတ်ဆင်ထားခြင်းဖြင့် မိမိဟာ တစ်စုံတစ်ဦးအတွက် submission လုပ်နေတယ်လို့ ဆိုလိုတာပါပဲ။
နှစ်အချက်က ထိန်းချုပ်ခြင်း (control) ပါ၊ Dom ဟာ ထိန်းချုပ်မှုလုပ်ဖို့အတွက် သူ့ရဲ့ Sub ကို လည်ပတ် ဆင်မြန်ပေးလေ့ ရှိပါတယ်။ တစ်နည်းအားဖြင့် လေ့ကျင့်ပေးဖို့လည်း ဖြစ်နိုင်ပါတယ်။
သုံးအချက်ကတော့ အာရုံခံစားမှုအရ (sensation) ပါပဲ၊ သားရေ ဒါမှမဟုတ် တခြားဘာနဲ့ပဲ လုပ်လုပ် လှပတဲ့ လည်ပတ်လေးတွေကို တချို့သော sub တွေဟာ မြတ်မြတ်နိုးနိုး ဝတ်လေ့ရှိပါတယ်။ အကြောင်းက သူတို့အတွက် အာရုံခံစားမှုကောင်းလို့ (ကြိုက်နှစ်သက်လို့) ဖြစ်ပါတယ်။
လည်ပတ် ဝတ်ရတဲ့ အကြောင်းအရင်းပြီးရင်တော့ အမျိုးအစား တချို့ဖက် လှည့်တာပေါ့။ အမျိုးအစားတွေကို BDSM websites တော်တော်များများက အနည်းနည်းအဖုံဖုံ ခွဲကြပေမယ့် ဒီမှာတော့ ဘုံသဘောအားဖြင့် တူညီတာ စုပြီး အမျိုးအစား ၄ မျိုး ရေးပြချင်ပါတယ်။
၁။ ပိုင်ဆိုင်မှုပြ လည်ပတ် (Ownership Collar)

နာမည်အတိုင်းပဲ ရှင်းပါတယ်။ ဒီလို လည်ပတ် ဝင်ဆင်ထားတဲ့ Sub ဟာ ပိုင်ရှင်ရှိပါတယ်၊ ပိုင်ရှင် စိတ်ကြိုက် ဆင်မြန်းပေးထားတာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ သားရေ၊ စတီး စတာတွေနဲ့ လုပ် ထားလေ့ ရှိပါတယ်။ သေခတ်ထားတာမျိုး၊ လည်ပတ်မှာ ပိုင်ဆိုင်မှုပြ စာသားရေးထားတာမျိုးတွေ ပါတတ်ပါတယ်။ ဥပမာ။ (Good girl, fuck doll စသဖြင့် ရေးထားတတ်ကြပါတယ်။) လည်ပတ်ချစ်သူတွေ သို့မဟုတ် pet slave and owner တွေ အတွက်တော့ အရေးကြီးတဲ့ toy တစ်မျိုးပေါ့။
၂။ နေ့စဉ်သုံး လည်ပတ် (Day Collar)

သူကတော့ လည်ပတ်ဝတ်ဆင်ရတာကို မြတ်နိုးတဲ့ sub တွေ ဝတ်ဆင်လေ့ ရှိတာမျိုးပါ (ပိုင်ရှင်ရှိရှိ မရှိရှိ မိမိဟာ sub/collar ချစ်သူဖြစ်ကြောင်း ပြတာမျိုးပါပဲ)။ နေ့စဉ် သာမန် လူနေမှု ဘဝမှာ ဝတ်ဆင်ထားလည်း အများအမြင်မှာ မထူးခြားတဲ့ (အလှအပတစ်ခု အနေနဲ့) ဝတ်ဆင်တာမျိုး ဖြစ်ပါတယ်။ (တခြားသူတွေ non-bdsmer တွေ အနေနဲ့ ဘာမှ ထူးခြားတယ်လို့ မထင်တဲ့ လည်ပတ်မျိုးပေါ့)။ များသောအားဖြင့် ခပ်သေးသေ း ကွင်းပုံစံမျိုးတွေ ဖြစ်ပါတယ်။
၃။ လေ့ကျင့်ရေး လည်ပတ် (Training Collar)

ဒီအမျိုးအစားကတော့ Dom က သူ့ Sub ကို လေ့ကျင့်ပေးစဉ်မှာ သုံးတာဖြစ်ပါတယ်။ များသောအားဖြင့် BDSM အလေ့အထကို ကူးပြောင်းခါစ sub တွေအတွက် သုံးပါတယ်။ လည်ပတ်ဟာ ဆွဲလို့ရအောင် သံကြိုးတွေနဲ့ တွဲထားတဲ့ (pet collar) မျိုးတွေ သုံးလေ့ရှိကြပါတယ်။
၄။ ကစားစဉ်သုံးတဲ့ လည်ပတ် (play collar)

သူလည်း နာမည်ပါ အတိုင်းပါပဲ၊ ကစားခန်းအတွင်းမှာ ကိုယ်ကစားလိုတဲ့ ကစားနည်းအတွက် လည်ပတ် အမျိုးမျိုးကို သုံးပြီး ကစားကြတာမျိုးပါပဲ။ ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံ ဖြစ်နိုင်ပါတယ်။ မိမိတို့ ကစားလိုတဲ့ နည်းလမ်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် သုံးကြ တာမျိုးပါပဲ၊ (ဥပမာ pet slave)။ ဒီလည်ပတ်မျိုးတွေကတော့ သာမန် နေ့စဉ် လူနေမှုဘဝမှာ ဝတ်ဆင်ဖို့ အဆင်မပြေတာမျိုးတွေသာ များပါတယ်။
ဒါတွေကတော့ ယေဘူယျ ခြုံပြောတာပါ တခြားသော အမျိုးအစား တချို့လည်း ရှိပါသေးတယ်။ သိပ်မလိုအပ်ဘူး ထင်လို့ ဖယ်ထားပြီး အဓိပ္ပါယ် ခပ်ဆင်ဆင်တွေကို ပေါင်းစပ် ရေးလိုက်တာပါ။
Ref: Submissive Guide