A beginner’s guide to being a Brat!!!
ပထမဆုံးတော့ brat ဆိုတာ ဘာလဲက စရင် ကော င်းမယ် ထင်ပါတယ်။ (အွန်လိုင်းပေါ် တွေ့တွေ့နေရတာ brat တွေ အများကြီးပဲ မို့ ရှင်းပြစရာတောင် သိပ်လိုပါ့မလားပဲ။)

Brat ဆိုတာ ကလေးဆိုးလေးဆိုတဲ့ မူရင်းအဓိပ္ပါယ်ကနေ လာတာမို့ ... BDSM က brat ဆိုတာလည်း လိမ်မာသူတွေ မဟုတ်ကြတာ ရှင်းပါတယ်။ ဒါပေမယ့် ဆိုးပုံဆိုးနည်းကတော့ ကလေးတွေနဲ့ ကွဲတယ်ပေါ့လေ။ BDSM brat တွေကတော့ သူတို့ရဲ့ Dom (brat tamer) တွေရဲ့ ဂရုစိုက်မှု (attention or punishment) ကို ရယူချင်လို့ ဆိုးပြတာလို့ ခြုံပြောနိုင်ပါတယ်။
သူတို့ လုပ်တတ်တဲ့ အပြုအမူတွေကတော့ မချေမငံ ခွန်းတုံပြန်တာ၊ ခိုင်းရင် ချက်ချင်းမလုပ်ပဲ အချိန်ဆွဲ အကြောင်းပြတာ၊ စနောက်တာ စတဲ့ ကိုယ့် Dom ကို စိတ်ဆိုး/စိတ်တိုလာအောင် ဆွပေးတဲ့ နည်းတွေ ပါပဲ (ပုံသေသတ်မှတ်ဖို့တော့ ခက်ပါလိမ့်မယ်၊ လူပေါ်မူတည်ပြီး အမျိုးမျိုးသော ညစ်ကျယ်ကျယ်လုပ်နည်းတွေက ရေတွက် မကုန်နိုင်) ။
ဒီလို လုပ်ခြင်း အားဖြင့် Dom ဟာ ကိုယ့်ကို ထိန်းကျောင်းဖို့ ဂရုစိုက်ပေးလာရပါတယ်၊ ကစားနေစဉ် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာစေသလို နှစ်ဦးစလုံးအတွက် ပိုပြီး ပျော်ရွှင်ကျေနပ်စရာ အခိုက်အတန့်တွေ ဖြစ်လာပါတယ်။
#Brat နှစ်မျိုး
Brat ကို နှစ်မျိုးတော့ ခွဲလို့ ရပါလိမ့်မယ်။ တစ်ခုက သဘာဝ အရ၊ ပင်ကိုယ်စရိုက် အရကို brat ဖြစ်နေသူတွေပါ။ သူတ ို့ရဲ့ Dom ကနေပြီး ထိန်းကျောင်းပေးတာကို လိုချင်တာနဲ့ သူတို့ရဲ့ RS life မှာ ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်ချင်ကြသူတွေပါ (လုပ်ယူတာ မဟုတ်)။ ကျွမ်းကျင်သူ တချို့ရဲ့ သုံးသပ်ချက်အရတော့ ဒီအမျိုးအစားတွေဟာ ပြင်ပ လူနေမှုဘဝမှာ Dominant personality ရှိတတ်ကြသူတွေလို့ ဆိုပါတယ်။
Brat နောက်တမျိုးကတော့ အချိန်ပိုင်း (သို့) လေ့ကျင့်ယူထားတဲ့ သူမျိုးပါပဲ။ အထူးသဖြင့် ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ (sweet and innocent) sub ဆိုပေမယ့်လည်း ကစားခန်းအတွင်း ရောက်ချိန်မှာတော့ brat လို ပြုမူချင်လာတာ (သို့) အဲလို ပြုမူဖို့ စိတ်ဝင်တစား ရှိတဲ့ သူမျိုးပါပဲ။
Brat တွေအတွက် သတိထားစရာ တစ်ချက်ရှိပါတယ်။ ကိုယ့် Dom ဟာ brat tamer မျိုး မဟုတ်ရင် ဒါမှမဟုတ် အဲလို လုပ်ဖို့ သဘောတူညီချက်/စိတ်ဆန္ဒမရှိရင် ခပ်ဆိုးဆိုး အပြုအမူတွေ လုပ်တာဟာ အရသာထူးလာမယ် ဆိုတာထက် အဆိပ်အတောက် ဖြစ်လာနိုင်ချေ ပိုများပါတယ်။
နောက်တစ်ခုက Dom နဲ့ သဘောတူညီချက်ပါပဲ။ punishment ပေးလာချိန်မှာ Dom ဟာ စိတ်ဆောင်ရာပါပြီး limit ကျော်သွားနိုင်ပါတယ်။ ဒီအချက်က အရေးကြီးလှတာမို့ ဂရုပြုသင့်ပါတယ်။
Brat အဖြစ် စတင်ချင်တယ်ဆိုရင်.... အောက်က အချက်တွေကို လေ့လာကြည့်စေလိုပါတယ်။ (ပင်ကိုယ်အရ brat ဖြစ်ပြီးသားသူတွေ အဖို့ကတော့ ဆောင်ရန် ရှောင်ရန် သတိထားရန်လောက်ပဲ လိုတာဖြစ်ပြီး အထူးလေ့လာစရာ မလိုပါဘူး)
Brat ဖြစ်ချင်/ဖို့ဆိုတာက တော့ ရှင်းပါတယ်၊ Brat တွေရဲ့ အပြုအမူ အလေ့အထတွေကို သိအောင် အရင်ဆုံး လုပ်ရမှာပါပဲ။ အကြမ်းဖျဉ်း အချက်တချို့ကို လေ့လာဖို့ ရေးပြထားပါတယ်။
၁။ မေးခွန်းထုတ်တာ။ ဘာခိုင်းခိုင်း မေးခွန်းပြန်ထုတ်တာမျိုးဟာလည်း brat တွေရဲ့ အမူအကျင့်တစ်မျိုးပါပဲ။ (Dom ရဲ့ စိတ်ရှည်မှု မကုန်ကုန်အောင် လုပ်တာမျိုး)
၂။ မခံချင်အောင် လုပ်တာ။ စကားနဲ့ ဖြစ်ဖြစ် အပြုအမူနဲ့ ဖြစ်ဖြစ် Dom မခံချိ မခံသာ ဖြစ်အောင် စတာမျိုး ဖြစ်ပါတယ်။ ဥပမာ သူက နမ်းချင်တာ (သို့) တစ်ခုခု လုပ်ဖို့ စီစဉ်ချိန်မှာ “မိအောင်ဖမ်းနိုင်ရင်ဖမ်းလေ” ဆိုပြီး ပတ်ပြေးတာမျိုး။ “ဒီထက်ကောင်းအောင် လုပ်နိုင်ပါသေးတယ်” လို့ ခနဲ့တာမျိုးပေါ့။
၃။ ပြန်ဆရာလုပ်တာ။ တစ်ခုခုဆို ကိုယ်က အရင်ဦးအောင် ဘာလုပ်ညာလုပ် ပြောတာမျိုး ဖြစ်ပါတယ်။ ဥပမာ၊ ကိုယ်ဆိုးပြလို့ Dom စိတ်တိုလာချိန်မျိုးမှာ “လာရိုက်တော့လေ၊ ဘာလုပ်နေတာလဲ” လို့ ပြောတာမျိုး၊ “ဒီလောက်နဲ့မရသေးဘူး၊ ဒီထက် ထပ်ကြမ်းလေ” လို့ ပြောတာမျိုးတွေ ပါပဲ။
၄။ မနာခံမှု၊ ဒီအပိုင်းက နည်းနည်းတော့ ဂရုစိုက်သင့်ပါတယ်။ တစ်ခုခုခိုင်းတာ မလုပ်တာတင် မဟု တ်ပါဘူး မနာခံမှုမှာ ငြင်းပယ်ဖို့ ကြိုးစားတာလည်း ပါပါတယ်။ ဥပမာ ပခုံးတွန့်ပြတာ၊ မဲ့ပြတာ လောက်ကနေ သူနမ်းချိန်မှာ မျက်နှာလွှဲပစ်တာ၊ sex လုပ်နေစဉ်မှာ အတင်းရုန်းထွက်လိုက်တာ အထိ ပါဝင်ပါတယ်။ (သဘောတူညီချက်နဲ့ နားလည်မှု မရှိရင် နှစ်ဦးဆက်ဆံရေး ထိခိုက်သွားနိုင်လို့ ဂရုပြုစေလိုပါတယ်။)
၅။ Bottom ပေမယ့် top အချိုး ချိုးတာ။ သာမန်အားဖြင့် Top သမားကသာ ဦးဆောင်လေ့ ရှိတဲ့ အရာတွေကို brat က လုပ်တာမျိုး ဖြစ်ပါတယ်။ ဥပမာ Dom က စားသောက်ဆိုင် တစ်ဆိုင် ရွေးထားပြီး သွားဖို့ စီစဉ်ချိန်မှာ မသွားပဲ တခြားဆိုင်ကို ပြန်ရွေးတာမျိုး၊ သဘောတူညီထားတဲ့ စည်းကမ်း၊ စာချုပ် တွေကို ပြောင်းတာမျိုး တွေ ဖြစ်ပါတယ်။ (ဒီအချက်ဟာလည်း Dom/ brat tamer နဲ့ brat အကြားမှာ နားလည်မှု သဘောတူညီမှု ရဖို့ သေချာ ဆွေးနွေးထားဖို့လိုပါတယ်။ ဒီ အပြုအမူဟာ Dom ရဲ့ role ကို ဝင်ရောက် စွက်ဖက်တာမျိုး ဖြစ်နေလို့ပါပဲ။)
ခု ရေးထားတဲ့ အချက်တွေအားလုံး လုပ်ရမယ်လို့ မဆိုလိုပါဘူး။ နောက်ပြီး ဒီအချက်တွေ အပြင် တခြားသော အပြုအမူ အလေ့အထတွေလည်း ရှိပါသေးတယ်။ အခု ၅ ချက်ကတော့ brat တွေ ရဲ့ ယေဘုယျ အလေ့အထ တွေကို အကြမ်းဖျဉ်း သိသာအောင် ရေးထားတာပါ။
နောက်ထပ် မေးစရာ မေးခွန်း တစ်ခု ရှိပါသေးတယ်။ Brat ဖြစ်ချင်တာက ဟုတ်ပါပြီ၊ Dom တွေကရော brat တွေကို ထိန်းချင်ပါ့မလား?
ဖြေရရင်တော့ dom တိုင်းဟာ brat tamer တွေ မဟုတ်ပါဘူး။ လူဆိုး/ကလေးဆိုး ထိန် းချင် ကျောင်းချင်တဲ့ စိတ်အခံ ရှိသူ Dom တွေသာ Brat tamer တွေ ဖြစ်နိုင်ပါတယ် (good girl/ good boy လို့ ပြောရမှာ အာတွေ့သူမျိုးပေါ့ ) ။ ဒါကြောင့် brat သမားဟာ ကိုယ်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ Dom တွေနဲ့မှပဲ အဆင်ပြေပြေ လက်တွဲနိုင်ပါလိမ့်မယ်။
မည်သို့ပင် ဆိုစေကာမူ Brat and Brat Tamer အတွဲဟာ စိတ်လှုပ်ရှားစရာ အပြည့်နဲ့ dynamic RS တစ်မျိုးဆိုတာတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
Ref: Kinky Events, Mashable