Fifty Shades of Grey ကို ကျော်ကြားအောင်ဝိုင်းကူပေးပြီး BDSM လောကနဲ့ ကျနော်တို့ကို မိ တ်ဆက်ပေးခဲ့တဲ့အတွက် မီဒီယာကို ကျေးဇူးတွေ စွတ်တင်နေကြရပါတယ်။ တကယ်လက်တွေ့မှာတော့ သူတို့ရည်ညွှန်းချက်ဟာ လုံးဝဥသုံ မှန်တယ် မဆိုနိုင်သေးပါဘူး ဘာလို့ဆိုတော့ သူတို့ညွှန်းတဲ့အထဲမှာ နှစ်ပေါင်းထောင်ချီနေတဲ့ အဖြစ်အပျက်တွေ အကြောင်း မပါလို့ပါပဲ။

တကယ်တော့ BDSM ဟာ ရှေးခေတ်ကတည်းက စခဲ့တဲ့ အယူအဆတစ်ခုသာ ဖြစ်ပါတယ်။ အမျိုးမျိုးသော ယဉ်ကျေးမှုတွေမှာ BDSM ကို ဖော်ပြထားခဲ့ကြပြီးပါပြီ၊ ကာမသျှတရ လို အိန္ဒိယ ရှေးဟောင်းကျမ်းစာတွေ၊ ဂရိနတ်ဘုရား (ဂရိကိုကြီးကျော်ခေါ်မလားမသိ) Dionysus ကို ပူဇော်တဲ့ပွဲတွေအကြောင်းတွေမှာ နောက်ပြီး ရှေးခေတ် ရောမက အမျိုးသမီးတွေဟာ အချင်းချင်း ကြိမ်တွေကြာပွတ်တွေနဲ့ ရိုက်နှက်ပြီး ပျော်ရွှင်စွာ ပွဲတော်ကျင်းပကြတာတွေ အပါအဝင်ပေါ့။
ကာမသျှတရက ဒီလိုဆိုပါတယ် “တစ်ခါတစ်ရံ အမျိုးသမီးသည် စိတ်အားတက်ကြွမှုကြောင့် သူမ၏ ပင်ကိုသဘာဝမှ ပယ်ခွာ၍ အမျိုးသား၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ရိုက်နှက်လေသည်” လို့ ကျနော်တို့ ဒီနေ့ခေတ် BDSM လို့ ခေါ်နေတဲ့ အရာကို အဲဒီကျမ်းစာက ခပ်ရှင်းရှင်း ဖော်ပြထားပါတယ်။
BDSM ဆိုတာ ဘာအဓိပ္ပါယ်လဲ?
BDSM ဆိုတဲ့ အသုံးအနှုန်းကိုတော့ ၁၉၆၉ လောက် စသုံးခဲ့ကြပြီး ဒီနေ့ခေတ်မှာတော့ Bondage- Discipline, Dominant- Submissive နဲ့ Sadism and Masochism ဆိုတဲ့ ကဏ္ဍ ၃ ခုအဖြစ် သိကြပါတယ်။ ဒီအကြောင်းတွေ နားလည်အောင် ထဲထဲဝင်ဝင် မလေ့လာခင် BDSM အလေ့အကျင့်နဲ့ ပတ်သက်တဲ့ အခြေခံ အသုံးအနှုန်းတွေအကြောင်း အရင် စတာပေါ့။
Bondage Discipline ဆိုတာ?
BDSM ထဲကမှ B/D အဖြစ် ညွှန်းဆိုကြတဲ့ အပိုင်းက လိင်ပိုင်းဆိုင်ရာ အပြုအမူတွေဖြစ်ပါတယ် Dominant လုပ်သူက သူ့အဖော် submissive ကို တားမြစ်ချက်တွေ ကန့်သတ်ချက်တွေနဲ့ လုပ်တာမျိုးကို ဆိုလိုတာပါ။ ဥပမာအားဖြင့် ကုလားထိုင်မှာ လက်နောက်ပစ် ချည်ထားခြင်းအားဖြင့် လက်ရဲ့ အထိအတွေ့ (လှုပ်ရှားမှု) ကို ချုပ်နှောင်ကန့်သတ်လိုက်တာမျိုးပေါ့။ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ submissive ရဲ့ အမူအကျင့်တွေပေါ် မူတည်နေပြီး သူ့ရဲ့ အမိန့်မနာခံမှုအတွက် အပြစ်ပေး(ဆုံးမ)ခြင်းမျိုးနဲ့ တောင်းပန်အောင် လုပ်တဲ့သဘောမျိုးတွေ ဖြစ်ပါတယ်။ အပြစ်ပေး ဆုံးမမှုဟာ ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်ပါတယ် ရိုက်နှက်တာပါသလို ညစ်ညစ်ညမ်းညမ်းတွေပြောတာ အရှက်တကွဲဖြစ်အောင်လုပ်တာ စသဖြင့်ပေါ့။
Dominant-Submissive ဆိုတာ?
BDSM ထဲက D/s လို့ အတိုကောက်သုံးတာက Dominant (Dom) နဲ့ Submissive (Sub) အတွဲအဖက်ကို ဆိုလိုတာပါ။ Sub က အလိုတူကြည်ဖြူစွာနဲ့ Domကို ထိန်းချုပ်ခွင့်ပေးထားပြီ Dom ကတော့ အဲလို ထိန်းချုပ်ဖို့နဲ့ ပတ်သက်တဲ့ အလုပ်တွေလုပ်ဖို့ တာဝန်ယူရပါတယ်။
Sadism and Masochism ဆိုတာ?
BDSM ထဲကမှ S/M အပိုင်းကတော့ အပြစ်ဒဏ်ခတ်ခြင်း နာကျင်မှုကို ရယူခံစားခြင်းလို့ ရည်ညွှန်းပါတယ်။ Sadist က နာကျင်မှု (pains) တွေပေးတယ် masochist ကတော့ အဲဒီနာကျင်မှုနဲ့အတူ ပေါ်ထွက်လာတဲ့ စိတ်ကျေနပ်မှုကို ခံစားတာ ဖြစ်ပါတယ်။ D/S (Dominant and Submissive) နဲ့ S/M (Sadism and Masochism) တို့ဟာ တချို့အစိတ်အပိုင်းတွေမှာ ခပ်ဆင်ဆင်ပါပဲ။ တစ်ခုတည်းပဲ ကွဲတယ်ဆိုရမှာက နာကျင်မှုကို ခံစားခြင်းပါ။ S/M မှာက နာကျင်မှုကနေရတဲ့ စိတ်ကျေနပ်မှုကိုပဲ ခံစားတယ်၊ D/S မှာတော့ အဲဒီအပိုင်း ပါချင်လည်းပါမယ် အဲ ပါချင်မှလည်း ပါမယ်။
BDSM နဲ့ပတ်သက်သမျှအားလုံးဟာ စွမ်းအင်ဖလှယ်မှု (power exchange) လို့ အလွယ်ကူဆုံး ကောက်ချက်ချနိုင်ပါတယ်။ တစ်ယောက်က မာစတာဖြစ်ဖို့ ရွေးချယ်ချိန်မှာ တစ်ယောက်က အညံ့ခံသူအဖြစ် နေတယ် ပြီးတော့ သူ့ရဲ့ လိင်စိတ်ဆန္ဒထက်သန်လာဖို့နဲ့ မာစတာဖြစ်သူ စိတ်ကျေနပ်မှုရဖို့ အတွက် အဓိကထားတယ်။ အညံ့ခံတဲ့ဖက် ရွေးချည်သူအတွက်တော့ ကိုယ်လက်ခံနိုင်တဲ့အတိုင်းအတာ လက်မခံနိုင်တဲ့အတိုင်းအတာ ဘောင်လေးတွေတော့ သတ်မှတ်ဖို့ လိုတာပေါ့။ ဒါဆိုရင် ဆွေးနွေးညှိနှိုင်းမှု သဘောတူညီမှုတွေအရ စွမ်းအင်ဖလှယ် (power exchange) လုပ်ကြတာက BDSM ပဲပေါ့လေ။
BDSM နဲ့ဆက်စပ်တဲ့ ဝေါဟာရတွေကလည်း များမှများ ကကြီးကနေ အ အထိပဲ (A to Z)။ BDSM ကို စတင်ချင်သူ တစ်ယောက်အတွက်တော့ ကိုယ်အတွင်းစိတ်ကို သုံးသပ်ပြီး ဘယ်နေရာ (role) မှာ နေမလဲဆိုတာ ပထမဆုံးအနေနဲ့ ဆုံးဖြတ်ချက်ချရပါမယ်၊ Dominant လား Submissive လား ဒါမှ မဟုတ် Switch လားဆိုတာပေါ့။ Switch ဆိုတာကတော့ ကိုယ့်နေရာ (role) ကို အပြောင်းအလဲ လုပ်ရတာ ကြိုက်သူ၊ တစ်နည်းအားဖြင့် Master အဖြစ်ရော Slave အဖြစ်ရော နှစ်မျိုစလုံးကို အလှည့်ကျ လုပ်ချင်သူမျိုးပါပဲ။
BDSM ကို စတင်ကြည့်လိုသူများအတွက် ကျွမ်းကျင်သူများရဲ့ အကြံပြုချက်
Talk-စကားပြောပါ- အပြန်အလှန်ဆက်သွယ်ပြီး ခင်ဗျားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေ၊ ပျော်ရွှင်ကြည်နူးတဲ့ အပြုအမူတွေကို ခင်ဗျားတို့ရဲ့ လက်တွဲဖော်နဲ့ ပြောဆိုခြင်းဟာ အရေးကြီးပါတယ်။ တချို့လူတွေအတွက် ကိုယ့်ပါတနာနဲ့ စကားပြောတဲ့နေရာမှာ ဒီလိုအကြောင်းအရာတွေဟာ ထုတ်ပြောဖို့ ရှက်စရာဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် စာရေးပြီးပြောပါ၊ ကိုယ်ဘယ်လိုခံစားရတယ် ဘာကို ခံစားချင်တယ် စသဖြင့်ပေါ့။ ပြီးတော့ ဒီကိစ္စအပေါ် ခင်ဗျားပါတနာရဲ့ အမြင်ကို သိရဖို့ ခင်ဗျားဖက်က ကြိုးစားရမှာဖြစ်သလို သူ့ဘက်က စိတ်မဝင်စားဘူး (No ဆိုတဲ့ အဖြေပဲဖြစ်ဖြစ်) ပေးနိုင်ကြောင်းလည်း သိထားရမှာပေါ့။ ဘာလို့ဆိုတော့ လူတိုင်းဟာ BDSM ဖြစ်နေမယ်လို့ မျှော်လင့်ထားလို့ မရဘူးလေ။ ပြီးတော့ ကိုယ့်ပါတနာရဲ့ စိတ်ဆန္ဒကိုလည်း ခင်ဗျားဟာ ဂရုတစိုက်ရှိပေးရပါမယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကို BDSM ထဲ အလောတကြီး ဆွဲမသွင်းလိုက်ပါနဲ့။ ဆွေးနွေးညှိနှိုင်းရင်း အချိန်ယူပါ၊ တဆင့်ပြီးတစ်ဆင့် ကိုယ်သွားချင်တဲ့ဆီကို မှန်မှန်သာ သွားပါ။
Consent-သဘောတူညီချက်- ဒါဟာ ဘယ်လို relationship မျိုးမဆိုအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သမာရိုးကျ လိင်ဆက်ဆံတဲ့အမှု ဒါမှမဟုတ် BDSM ဘာပဲ ဖြစ်ဖြစ် သဘောတူညီချက် လိုအပ်ပါတယ်။ BDSM မှာဆိုရင်တော့ သဘောတူညီချက်ဆိုတာ ခင်ဗျားတို့ ဘာတွေဖြစ်နေ ဘာတွေလုပ်နေသလဲဆိုတာ နားလည်ဖို့နဲ့ လိုအပ်လာရင် ဘယ်လိုအချိန်မျိုးမှာ ရပ်ရမလဲဆိုတဲ့ အခါမျိုးတွေအတွက်ပါ မရှိမဖြစ် လိုအပ်တဲ့အရာပါပဲ။
Safe Words-လုံခြုံရေးစကားလုံးလို့ ဘာသာပြန်ရမလားမသိ၊ ပုံစံတူသရုပ်ဆောင်တာ (role-play) နဲ့ BDSM တွေမှာ အော်ဟစ်တာတွေ တစ်ခါတစ်လေဆို ပျော်စရာကောင်းတဲ့ နည်းလမ်းတွေနဲ့ ဆဲဆိုကြိမ်းမောင်းတာတွေ ပါပါတယ်။ ဒါကြောင့်လည်း အဲလိုကစားနေချိန်အတွင်း တချို့အခိုက်အတန့်တွေမှာ မဟုတ်ဘူး/မလုပ်ဘူး (No ဆိုတဲ့) အသုံးအနှုန်းကို အဲ့အဓိပ္ပါယ်အတိုင်း (တစ်ယောက်ယောက်က ကစားနေတာကို မကြိုက်လို့၊ မခံနိုင်လို့ တစ်နည်းနည်းနဲ့ ရပ်ချင်ချိန်မှာ)သုံးမရ ဖြစ်တတ်ပါတယ်။ ကစားသူအချင်းချင်းကြားမှာ နားလည်တဲ့ Safe Words ကို ကြိုတင်သတ်မှတ်ထားရင်တော့ အဆင်မပြေချိန်မှာ ချက်ချင်းရပ်တန့်ပစ်လို့ရနိုင်တာပေါ့။
Start Small-သေးသေးလေးကနေ စပါ-ခုမှစတင်ဖို့ ကြိုးစားသူအတွက် ပြင်းထန်ရှုပ်ထွေ းတဲ့ BDSM ကစားနည်းတွေကို တစ်ခါတည်း တန်းလုပ်ဖို့ထက် လွယ်ကူရှင်းလင်းတာကပဲ စသင့်ပါတယ်။ ဥပမာ၊ ကြိုးတွေ၊ ခါးပတ်တွေ တိပ်တွေကို စသုံးတာထက် အရင်ဆုံးအနေနဲ့ မျက်လုံးကိုပိတ်ထားတာ (blindfold) ၊ လက်ထိပ် (handcuffs)၊ လည်ပတ်ပုဝါသုံးတာ (stain scarves)၊ ကစားနည်းနဲ့ လိုက်ဖက်မယ့် အတွင်းခံအဝတ်အထည် (edible panties) သုံးတာ စသဖြင့်ပေါ့။
နောက်ဆုံးတစ်ခုအနေနဲ့ သူ့မူရင်းမှာတော့ BDSM ပစ္စည်းတွေနဲ့ ပတ်သက်ရင် ဘယ်မှာ ဝယ်လို့ရနိုင်တယ်ဆိုတာပါ ဆက်ရေးပေးထားပါတယ်။ ကျနော်ကတော့ ဒါကို အထူးတလည် မညွှန်းတော့ပါ၊ ဒီမှာတော့ အားလုံးသိကြမှာပါ adult toy ကို ဘယ်လိုရှာနိုင်လဲဆိုတာ။ တစ်ခုပဲ ဖြည့်ပြောလိုတာက ခင်ဗျားတို့အတွက် အသုံးတည့်မယ်ဆိုရင် အနီးအနားက ရတဲပစ္စည်း နေ့စဉ်သုံးပစ္စည်းတွေကလည်း BDSM toy တွေအဖြစ် အသုံးချနိုင်တယ် ဆိုတာပါပဲ။
VENTS မဂ္ဂဇင်းက Beginners guide to understanding the BDSM ဆိုတာကို အဆင်ပြေသလို ဘာသာပြန်ပေးထားတာပါ။ အားလုံးပဲ ထူးခြားတဲ့ ချစ်ခြင်းများနဲ့ ပျော်မွေ့နိုင်ကြပါစေ။