ဘယ်ရာသီတွေက Dom စိတ်ကဲပြီး ဘယ်ရာသီတွေက Sub စိတ် ပိုတတ်ပါသလဲ?
(ကျနော်က ဗေဒင်ဆရာတော့ မဟုတ်ပါ။ ဒီလိုပဲ စပ်မိစပ်ရာ စုထားတာတွေထဲက သိချင်ကြမယ် ထင်တဲ့ အကြောင်းအရာတစ်ခု မှီငြမ်း ရေးတင်တဲ့သဘောပါ။)
ရာသီခွင် ၁၂ ခု ရှိတဲ့အထဲ တူရာတူရာ ယေဘူယျ စရိုက်လက္ခဏာတွေကို ပုံစံပေါင်းစုံနဲ့ ဆရာပေါင်းစုံက ဟောလေ့ရှိကြပါတယ်။ ဗေဒင် ဝါသနာပါသူတွေကတော့ ကိုယ်ဘယ်ရာသီဖွားဆိုတာနဲ့ ဘယ်လို စရိုက်မျိုးဆိုတဲ့ အဟောတွေ တစ်ခုမက ဖတ်ဖူးကြပါလိမ့်မယ်။
ခု ဒီစာပိုဒ်ကတော့ ရာသီအလိုက် Dom စိတ် Sub သဘာဝ တွေ ကွဲပြားပုံကို တင်ပြထားတာပါ။ ဗေဒင် အဟောတော့ မဟုတ်ပါ။ ကိုယ်ဘယ်လိုမျိုး စရိုက်ရှိလဲဆိုတာ ပြန်စမ်းစစ် မိစေဖို့နဲ့ ကိုယ့်ပါတနာရဲ့ ရာသီသိရင်လည်း သူ ဘယ်လို စရိုက်မျိုး ဖြစ်နိုင်လဲ မှန်းဆ ရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ရေးခြင်းပါ။
ခု ရေးမယ့် အစီအစဉ်ကတော့ Dominant အဖြစ်ဆုံးကနေ Submissive အဖြစ်ဆုံးအထိ စီရေးမှာပါ။ ဒီလို စီမရေးခင် အားလုံး (စာရှည်လို့ အစအဆုံး မဖတ်ချင်သူတွေ) သိချင်မယ်ထင်တာက...ဘယ်ရာသီဖွားကများ Dom စရိုက်လက္ခဏာ အများဆုံး ရှိမလဲ? ဘယ်ရာသီက Sub စရိုက် အများဆုံးလဲ? ဆိုတာပါ။
ယေဘူယျ ခြုံပြောရရင်တော့ သိဟ်ရာသီဖွား ခြင်္သေ့ Leo နဲ့ ဗြိစ္ဆာရာသီဖွား ကင်းမြှီးကောက် Scorpio တွေဟာ Dom စရိုက်အများဆုံးဖြစ်ပြီး အပျိုစင်သင်္ကေတ ဆောင်တဲ့ ကန်ရာသီဖွား Virgo တွေကတော့ sub စရိုက်အများဆုံးပါသူတွေ ဖြစ်ကြပါတယ်။
အသေးစိတ်ကိုတော့ အောက်မှာ တစ်ခုခြင်းစီ ဖတ်ကြပါကုန်...။

၁။ သိဟ်ရာသီဖွားမ ျား Leo (July 23 to August 22)
ခြင်္သေ့ပုံ နိမိတ်ဆောင်ထားသူတွေမို့ သူတို့ဟာ တောသုံးတန် တောင်သုံးတန် ငါသာ ဧကရာဇ်ဆိုတဲ့ ဘုရင်/ဘုရင်မ စိတ်ရှိသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့က အရာရာကို လွှမ်းမိုးလိုတယ်။ တစ်ချက်ချက် ကိန်းကြီးခန်းကြီးတောင် နိုင်သေးတယ်။ သူတို့ကို အမိန့်ပေးခံရတာလည်း ကြိုက်လေ့မရှိ။ ဒီစရိုက်က ကစားခန်းထဲအထိ ပါလာပါတယ်။ အရာရာ ဦးဆောင်ချင်စိတ်ဟာ လိင်ဆက်ဆံမှုအထိ ရှိနေတတ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ လေးစားရိုကျိုးမှုပေးခံရတာကို အင်မတန်မှ နှစ်သက်တတ်သူတွေလို့ ဆိုနိုင်ပြီး သူ့အဖော်ရဲ့ ကိစ္စအဝဝကိုလည်း အကုန်ထိန်းချုပ်ချင်သူတွေ ဖြစ်ပါတယ်။
ပြောရရင် Leo တွေဟာ သူတို့လွှမ်းမိုးချုပ်ကိုင်ရာမှာ အမိန့်ပေးရုံလောက် ထိန်းခ ျုပ်ရုံလောက်ဆိုတာထက် ပိုလွန်ပြီး ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ကိုင်တွယ်တတ်သူတွေလို့တောင် ဆိုနိုင်ပါတယ်။
တစ်ဖက်မှာတော့ ဒီ Dom တွေ သတိထားဖို့ကတော့ အတ္တလွန်ကဲမှုပါ။ ဒီအချက်ဟာ တစ်ဖက်သူအပေါ်မှာ ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်လေအောင် သတိထားသင့်ပါတယ်။
၂။ ဗြိစ္ဆာရာသီဖွားများ Scorpio (October 23 to November 21)
ဒီကင်းမြီးကောက်တွေကိုတော့ ဇွဲကြီးတယ် ပြင်းထန်တယ် ခက်ထန်တယ် ပြီးတော့ ရက်စက်ကြမ်းကြုတ်မှု လွန်ကဲတဲ့ စရိုက်ရှိသူတွေလို့ ယေဘူယျ ဆိုကြပါတယ်။ တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာ ခံစားမှု ပြင်းတဲ့သူတွေလို့ ဆိုနိုင်ပြီး တစ်စုံတစ်ခုကို ကြိုက်မိ၊ မြတ်နိုးမိပြန်ရင်လည်း သည်းသ ည်းလှုပ်ရာမှာ သူတို့က ထိပ်ဆုံးကလို့ ပြောရပါလိမ့်မယ်။
ဒီစိတ်ဟာ လိင်စိတ်မှာလည်း လွှမ်းမိုးပါတယ်။ ကိုယ့်အဖော်ကို နည်းပေါင်းစုံနဲ့ ဆွဲဆောင်လေ့ရှိပြီး တခါတရံ သူတို့ရဲ့ ရမ္မက်ကို ခက်ခက်ထန်ထန် ဖော်ထုတ်လေ့ရှိကြပါတယ်။
ကစားခန်းထဲမှာ အပြုအမူတွေ အပြောတွေမှာ တခြားသူတွေအဖို့ ရှက်စရာလို့ ထင်တာမျိုးကိုလည်း မရှက်တတ်သူတွေ ဖြစ်သွားတတ်ပါတယ်။
ဒီစရိုက်ရှိသူတွေ သတိထားသင့်တာက သူတို့ရဲ့ သံသယစိတ်ကြီးမားမှုနဲ့ မနာလိုစိတ်များမှုပါ။ သူတို့ရဲ့ အဖော်ဖြစ်ရသူတွေအဖို့တော့ ဒီစိတ်ဟာ အတော်လေး အနှောက်အယှက်ပေးနိုင်တာမို့ ဆင်ခြင်သင့်ပါတယ်။
၃။ မကာရရာသီဖွားများ Capricorn (December 20 to January 19)
ရည်မှန်းချက်ကြီးသူတွေ၊ မအားမနေ ကြိုစားသူတွေ၊ ဘာလုပ်လုပ် ခိုင်ခိုင်မာမာ တတ်ဆောက်တတ်သူတွေ အဖြစ် ဖော်ညွှန်းရတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ မိသားစုထဲ အလုပ်အသိုင်းအဝိုင်းထဲမှာတင်မက လက်တွဲဖော်ဖြစ်သူနဲ့ပါမချန် boss ဖြစ်လိုတဲ့ စရိုက်အတိုင်းသွားတတ်ကြသူတွေပါပဲ။
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ဆရာကျပါတယ်။ သူများကို ထိန်းချုပ်ရာမှာလည်း ဆရာတစ်ဆူ ဆိုနိုင်ပြန်ပါတယ်။
လိင်စိတ်မှာလည်း ဖုံးကွယ်ပြီး တိတ်တဆိတ် ဆိုတာထက် ဖွင့်ထားပြီး ပေါ်တင်သွားတတ်ကြတဲ့ စရိုက်မျိုးရှိပါတယ်။ သေသေချာချာ ရည်ရွယ်တည်ဆောက်ပြီး သွားတတ်ကြသူတွေမို့ သူတို့ရဲ့ D/s relationship တွေဟာ မျှတခိုင်မာတာ များပါတယ်။ သတိထားသင့်တာ တစ်ခုပဲရှိပါတယ်၊ သူတို့ရဲ့ ဇီဇာကြောင်မှုပါ။
၄။ ဓနုရာသီဖွားများ Sagittarius (November 22 to December 19)
လေးကိုင်ထားသူများမို့ စွန့်စားရတာ ဝါသနာထုံကြသလို တီထွင်ဖန်တီးမှုအားကောင်းသူတွေလို့ ပြောရပါလိမ့်မယ်။ လိင်စိတ်ပြင်းထန်တတ်သူတွေလို့လည်း ဆိုကြပါတယ်။
သူတို့ကို ဘာလုပ်ပါ ညာလုပ်ပါ ခိုင်းလာရင် မကြိုက်တတ်ကြပါဘူး။ ဒါ့အပြင် ကစားခန်းထဲမှာ sub အဖြစ်နေရတာကိုတောင် အချုပ်အချယ်ခံရမှုအဖြစ် ယူဆတတ်ကြသူတွေပါ။
ဒါကြောင့်ပဲ သူတို့ဟာ ပင်ကိုယ်သဘာဝအားဖြင့် Dom စိတ်များသူတွေလို့ ဆိုရမှာပါပဲ။ ကစားခန ်းထဲ သူတို့လိုချင်တာ သူတို့ရဖို့အတွက် သူပဲ ဦးဆောင်ချင်တယ် ဆိုပေမယ့် ထူးခြားတာက တခါတလေ တခြားသော Dom စိတ်ရှိသူတွေနဲ့ ကစားရတာကို သဘောကျနေတတ်ပြန်ပါတယ်၊ အမြဲတော့မဟုတ်ပါ။ Dom စိတ်ကဲတဲ့ swift သဘောမျိုးပါပဲ။
အသစ်ဆို စိတ်ဝင်စားတတ်တာကတော့ သူတို့စရိုက်မို့ သူနဲ့တွဲဖော်တွဲဖက်ဖို့ အသည်းကွဲနိုင်ခြေမြင့်တာတော့ သတိပြုစရာပါပဲ။
၅။ မိန်ရာသီဖွား Pisces (February 19 to March 20)
ဟန်ဆောင်မှုကင်းတယ် ပွင့်လင်းတတ်တယ်ဆိုတာ ဒီရာသီဖွားတွေရဲ့ သဘောသဘာဝ ဖြစ်သလို တီထွင်ဖန်တီးနိုင်စွမ်းလည်းကောင်းတတ်ကြသူတွေ ဖြစ်ပါတယ်။ တစ်ဖက်သားအပေါ် ဆွဲဆောင်မှုအားလည်း ကောင်းတတ်ကြပါတယ်။
လိင်စိတ်မှာတော့ သူတစ်ဖက်သားအပေါ် လွှမ်းမိုးလိုစိတ် နည်းတတ်ကြပါတယ်။ အဲဒီ အတွင်းပိုင်းခံစားချက်တွေကို လူသိခံလေ့မရှိတတ်ကြပါဘူး။
တစ်ချို့သော သူတို့ရဲ့ fantasies တွေကို ခံစားဖို့အတွက်လောက်သာ Dominating လုပ်တတ်ကြပါတယ်။ အားနည်းချက်ကတော့ စိတ်ကူးယဉ် အတွေးများလွန်းတာပါ။
၆။ မေထုန်ရာသီဖွားများ Gemini (May 21 to June 20)
အပေါင်းအဖော်မင်သလောက် များသလောက် စိတ်အပြောင်းအလဲများတတ်ပြီး စွန့်စားခန်းဖွင့်ရတာကို သဘောကျတဲ့ စရိုက်ရှိသူတွေ ဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်တတ်ကြပြီး ဒါကို ကစားခန်းထဲ (သို့) လိင်ဆက်ဆံမှုထဲအထိ ယူလာတတ်ကြပါသေးတယ်။ လိင်စိတ်နိုးကြားမှုအားကောင် း (hot) တတ်သူတွေလည်း ဖြစ်ပါတယ်။
သူတို့ဟာ ထပ်ခါတလဲလဲလုပ်ရခြင်းကို ငြီးငွေ့ကြတယ်၊ ဒါကြောင့်လည်း သူတို့ဟာ Dom အဖြစ်နေရင်လည်း အပြောင်းအလဲတွေ လုပ်နေတတ်တာမို့ ငြီးငွေ့စရာ မရှိသလောက်ပါပဲ။
တစ်ဖက်မှာတော့ အပြောင်းအလဲတွေကြားထဲ sub အဖြစ်နေရတာကိုလည်း ကြိုက်နေတတ်ပြန်တာပါပဲ။ အားနည်းချက်ကတော့ မတည်ငြိမ်မှု၊ စိတ်မချရမှုတွေပါ။ များသောအားဖြင့် သူများထက် ကိုယ့်ကိုယ့်ကို ပိုထိခိုက်စေတတ်တာမို့ သတိထားသင့်ပါတယ်။
၇။ မိဿရာသီဖွားများ Aries (March 21 to April 19)
ဒီရာသီဖွားတွေကတော့ စိတ်လိုက်မန်ပါလုပ်တတ်သူ၊ အားမန်တက်ကြွသူ၊ အရာရာကို အကောင်းဆု ံးဖြစ်ချင်သူ တွေအဖြစ် ဆိုကြပါတယ်။
လိင်စိတ်မှာ လွှမ်းမိုးလိုစိတ်ကဲတယ်ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်ပြန်ပါဘူး။ သူတို့စရိုက်က သူလိုချင်တာကို တစ်ဖက်က မလုပ်ပေးရင် လုံးဝ လက်မခံချင်ပါဘူး။ ဒါကြောင့်လည်း သူတို့လိုချင်တာ ရဖို့ သူတို့ကပဲ ဦးဆောင်ချင်သွားတတ်ကြတာပါ။
သူတို့ရဲ့ အာနည်းချက်က စိတ်အလိုနောက် လိုက်ရင်း ကလေးဆန်သွားတတ်တာ၊ တဇွတ်ထိုး တစ်ဇောက်ကန်း ဖြစ်သွားတတ်တာတွေပါပဲ။ ဒီစိတ်ကြောင့်ပဲ သူတို့ကို လွှမ်းမိုးဦးဆောင်ပေးနိုင်သူတွေ့ရင်တော့ ပျော်ပျော်ကြီး submissive လုပ်ဖို့ ဝန်မလေးတော့ပါဘူး။ (ထိန်းရခက်သူများမို့ Dom လုပ်မယ့်သူအဖို့တော့ တာဝန်မသေးလှပါ။)
၈။ ပြိ ဿရာသီဖွားများ Taurus (April 20 to May 20)
လက်တွေ့သမားတွေ၊ သူတို့ ချစ်ခင်နှစ်သက်သူကို မြတ်နိုးတန်ဖိုးထားတတ်သူတွေ ပြီးတော့ ကာမဂုဏ်အာရုံ ခံစားမှု (လိင်ဆန္ဒတစ်ခုတည်းမကပါ) အားကောင်းသူတွေ ဖြစ်တတ်ကြပါတယ်။ အဲ ခေါင်းကြောလည်း မာတတ်ကြပြန်ပါတယ်။
ယေဘူယျအားဖြင့်တော့ လိင်ကိစ္စမှာ ဦးဆောင်သူ မဖြစ်ချင်ကြပါဘူး။ သူချစ်တဲ့သူရဲ့ ဦးဆောင်ရာနောက်ကို ပိုလိုက်ချင်တတ်ကြပါတယ်။
တဖက်မှာတော့ သူတို့နှစ်သက်တာကို ပိုင်ဆိုင်ထားလိုစိတ် ကြီးမားကြပြန်တာမို့ မနာလိုဝန်တိုစိတ်လည်း အားကြီးတတ်ကြတာက အားနည်းချက်ပါပဲ။ သူတို့ရဲ့ လက်တွဲဖော်အဖို့ ဒီအချက်ကို သတိထားရပါလိမ့်မယ်။
၉။ တူရာသီဖွားများ Libra (September 23 to October 22)
အနုပညာ အလှအပကို ကိုယ်စားပြုတဲ့ ရာသီခွင်လို့ ဆိုကြပါတယ်။ ချစ်စရာကောင်းတတ်ကြသလို အလှအပ ကြိုက်တတ်ကြတယ် နူးညံ့တယ်၊ အနုပညာခံစားမှု အားကောင်းတတ်ကြပါတယ်။
ဒီစရိုက်တွေကြောင့်လည်း သူတို့ဟာ Dom စရိုက်ထက် submissive စရိုက်ပိုကဲကြသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ရှိတတ်တဲ့ အာနည်းချက်ကြောင့်လည်း တစ်ဖက်အဖော်ဟာ ဦးဆောင်နိုင်စွမ်းရှိသူ ဖြစ်ဖို့ ပိုလိုအပ်တတ်ကြတာပါ။
submissive ဖြစ်လာချိန်မှာတော့ သူတို့ဟာ ဆွဲဆောင်မှုအကောင်းဆုံးထဲက ပါပဲ။ သူတို့ စိတ်ကြိုက် အရာတွေကို ရယူနိုင် ခံစားနိုင်တဲ့ နေရာဟာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာလို့ မှတ်ယူတတ်ကြသူတွေ ဖြစ်ပါတယ်။
၁၀။ ကရကဋ်ရာသီဖွားများ Cancer (June 21 to July 22)
‘လ’ သင်္ကေတကို ကိုယ်စားပြုထားသူတွေ ပီပီ ပင်ကိုယ်သိစိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကောင်းတွေ ရှိတတ်ကြပါတယ်။ တခြားရာသီဖွားတွေထက် လိင်ပိုင်းဆိုင်ရာ ခံစားမှုမှာ ပိုမိုထူးကဲပြီး လွန်ကျူးတတ်ကြပါတယ်။ တစ်ဖက်မှာတော့ အလွန်အမင်းလည်း စိတ်ထိခိုက်လွယ်သူတွေ ဖြစ်နေပြန်ပါတယ်။ ပြီးတော့ ရိုးသားလွန်းတတ်ပါသေးတယ်။
ဒါကြောင့်လည်း သူတို့အတွက်တော့ dom ထက် sub ဖြစ်ဖို့သာ ပိုရွေးချယ်သွားတတ်ကြတာပါ။ သူတို့ကို ဦးဆောင်ပေးမယ့် သူအတွက် submissive လုပ်ပေးရတာကို ပိုနှစ်သက်ကြပါတယ်။
သတ ိထားသင့်တာက ကိုယ့်အဖော်သာ ဒါမျိုးဆိုရင် သူတို့ရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုကို အရင်ဆုံးတည်ဆောက်ရယူဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ရင် တစ်ဦးနဲ့တစ်ဦး ဖွင့်ပြောစရာတောင် မလိုလောက်အောင် အပေးအယူအတည့်ဆုံး relationship တစ်ခု တည်ဆောက်နိုင်မယ့် စရိုက်လက္ခဏာရှိသူတွေပါ။
၁၁။ ကုံရာသီဖွားများ Aquarius (January 20 to February 18)
အတွေးအခေါ် ခေတ်မီသလောက် တော်လှန်ရေးအတွေးအခေါ် အားကောင်းတဲ့၊ တက်ကြွတဲ့၊ အများအကျိုးဆောင်လိုတဲ့ စိတ်ရှိသူများလို့ ဆိုကြပါတယ်။ အမြင်ကျယ်ကြတယ်၊ ဉာဏ်ရည်မြင့်မားတတ်ကြပါတယ်။ တခြားတစ်ဖက်မှာတော့ တစ်ပါးသူရဲ့ လွှမ်းမိုးခံလိုတဲ့ သဘာဝက ကိန်းအောင်းနေပြန်ပါတယ်။
ဒါကြောင့်လည်း လိင်မှုကိစ္စနဲ့ ကစားခန်းအတွင်းမှာ သူတို့ရဲ့ ပြင်ပ ဘဝက အရာတွေကို မေ့ထားဖို့အတွက် တစ်ပါးသူတစ်ယောက်ကို ထိန်းချုပ်ခွင့်ပေးလိုက်တတ်ကြပါတယ်။ ထိန်းချုပ်ရတာထက် ထိန်းချုပ်ခံရတာကို မက်မောတတ်ကြတယ် ဆိုပါတော့။
သတိထားစရာ တစ်ချက်က ကန့်သတ်ထိန်းချုပ်မှုတွေ တင်းကြပ်မှုတွေဟာ သူတို့ရဲ့ တော်လှန်လိုစိတ်နဲ့ ဝိရောဓိ ဖြစ်သွားတတ်တာမို့ သူတို့နဲ့ ကစားမယ်ဆို ညှိနှိုင်းဆွေးနွေးမှုအဆင့်ကို အချိန်ယူသေချာတည်ဆောက်ကြဖို့ပါပဲ။
၁၂။ ကန်ရာသီဖွားများ Virgo (August 23 to September 22)
Submissive စရိုက်အများဆုံးရှိသူတွေလို့ ဆိုပေမယ့် သူတို့ဟာ ဆင်ခြင်တုံတရား အားကောင်းသူ၊ လက်တွေ့ကျကျ လုပ်တတ်သူ၊ စနစ်တကျ ပြုမူတတ်သူတွေ ဖြစ်ကြပါတယ်။
အသေးစိတ်ကလေးတွေက အစ အလေးထားတတ်ကြသူတွေလည်း ဖြစ်တာမို့ အကျိုးဆက်အနေနဲ့ အရာရာကို ဦးဆောင်မှုပေးဖို့ ဝန်လေးသွားကြတာမျိုး ရှိလာကြပါတယ်။
ဒါကြောင့်လည်း လိင်မှုကိစ္စနဲ့ ကစားခန်းကိစ္စမှာတွေမှာ ဦးဆောင်သူမဖြစ်ချင်တော့ပဲ တခြားသူရဲ့ဦးဆောင်မှုအောက်ကနေပဲ နေဖို့ ရွေးချယ်မှုလုပ်ကြပါတယ်။
ဒါပေမယ့် သူတို့စရိုက်သဘာဝအရ ကိုယ်ဘာလုပ်နေလဲ ကောင်းကောင်းသိပါတယ်။ သူတို့က တမင်ကို ကျေကျေနပ်နပ် submissive လုပ်နေတာမျိုးပါပဲ။ မှတ်သားစရာ တစ်ခုက သူတို့ရဲ့ ဒီသဘာဝကြောင့်ပဲ သူတို့ဘာလုပ်နေလဲ တွေးမနေရလောက်အောင် ကစားခံရတာကို အရမ်းမက်မောတတ်ကြတာပါ။
Note: ဒါတွေကတော့ မှတ်ထားမိသလောက်ထဲကနေ အကျဉ်းရုံး ပြန်ရေးထားတာပါ။ ကိုယ် ဘယ်ရာသီဖွားလဲ ဘယ်လိုစရိုက်မျိုးရှိလဲ၊ ဘယ်ရာသီဖွား စရိုက်မျိုးဆို ကိုယ်နဲ့ကိုက်မလဲ ဆိုတာတွေအတွက် အတန်အသင့် အထောက်အကူ ရမယ် ထင်ပါတယ်။
အားလုံးနဲ့ တစ်ထပ်တည်း ကွက်တိကျနေမယ်လို့တော့ ကျနော်လည်းမထင်ပါဘူး၊ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ တူကြမယ်လို့ ယူဆပါတယ်။ ရာသီခွင်တွေနဲ့ BDSM mindset အကြား ကိုယ့်လူတို့ရဲ့ အမြင်တွေ ပြန်မျှပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။ (ပုံကတော့ ဆိုင်ဆိုင်မဆိုင်ဆိုင် သဘောကျလို့ ကောက်ထည့်ထားတာ )