top of page

BDSM နဲ့ Limit များအကြောင်း (Soft Limit and Hard Limit)

Aug 11, 2024

2 min read

0

50

0


ပုံမှန်အားဖြင့် ဒီလောကထဲကလူတွေအားလုံးဟာ limit အကြောင်းက ရင်းနှီးပြီးသားပါ။ အခုမှ စတင်ဖို့ကြိုးစားနေသူတွေအဖို့လည်း limit ဆိုတဲ့ စကားလုံးက သိပ်စိမ်းမယ် မထင်ပါဘူး။ ဒီမှာသုံးစွဲတဲ့ limit ကို အဓိပ္ပါယ် ဖွင့်ရရင် မကျော်ဖြတ်ရမယ့် နယ်စပ်/စည်းမျဉ်းလို့ ဆိုနိုင်ပါတယ်။

top ပဲ ဖြစ်ဖြစ် bottom ပဲ ဖြစ်ဖြစ် လူတိုင်းနီးပါးမှာ သူတို့မလုပ်ချင်/မလုပ်နိုင်တဲ့ အရာတွေရှိကြပါတယ်။ (ရှားရှားပါးပါး no limit slave တို့၊ no limit Mst တို့လည်း ရှိကြပါသေးတယ်။)


မိမိကိုယ်တိုင်နဲ့ ကိုယ့်တွဲဖက်ရဲ့ limit တွေကို သိထားခြင်းဟာ BDSM life အတွက် မရှိမဖြစ် အရေးကြီးလှတယ်ဆိုတာတော့ ပြောနေစရာတောင် လိုမယ် မထင်ပါ။ Limit ကိုမှ BDSM အသိုင်းအဝိုင်းက ၂ မျိုး ထပ်ခွဲပါသေးတယ်။ soft limit and hard limit လို့ ဆိုပါတယ်။


Soft Limit

တချို့သော limit ကန့်သတ်ချက်တွေဟာ “ကိုယ်မလုပ်ချင်ဘူး သို့သော် ဘယ်တော့မှ မလုပ်ဘူးလို့လည်း မဆိုနိုင်ပြန်ဘူး” လို့ ရှိတတ်ကြတယ်။ ပြောရရင် ကန့်သတ်ချက် တချို့ဟာ တစ်ချိန်မှာ ပြန်စဉ်းစားကောင်း စဉ်းစားနိုင်တယ်၊ ဒါဟာ soft limit ပါပဲ။


ဘယ်နေရာတွေမျိုးမှာ soft limit တွေ ဖြစ်တတ်ကြလဲဆိုရင်၊ game/kinky တစ်ခုဟာ ကိုယ့်အတွက် (သို့) နှစ်ဦးနှစ်ဖက်အတွက် အန္တရာယ်ဖြစ်နိုင်ချေ/ ထိခိုက်နိုင်ချေ မြင့်တယ်လို့ ယူဆတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ယုံကြည်စိတ်ချရသူနဲ့ ဒါမှမဟုတ်လည်း ဒီ limit ကို သွားထိဖို့ လုံခြုံစိတ်ချရပြီလို့ ယူဆတဲ့အခါမျိုးမှာ ကစားဖြစ်ကြမှာမျိုးကိုလည်း soft limit ရယ်လို့ စာရင်းသွင်းလိုက်တာပါပဲ။


တချို့ကြားချင်လည်း ကြားဖူးကြမယ် ကန့်သတ်မှုတွေလျှော့ချခြင်း (pushing limits) ဆိုတာကို။ တချို့ BDSMer တွေဟာ သတ်မှတ်ထားကြတဲ့ limits နားအထိ ရောက်အောင်သွားပြီး ကျော်ဖြတ်ဖို့ ကြိုးစားကြတာမျိုးကို ပြောတာပါ။ ဒါမျိုးကစားရင်တော့ အလေးအနက် တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ကြပါ။ ဒီလိုသွားကြတဲ့ ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့ limit ဟာ soft limit ပါပဲ။




Hard Limit

သူကတော့ သံမဏိ စည်းကမ်းလို့ ဆိုနိုင်ပါတယ်။ ဘယ်လို အခြေအနေ ဘယ်အနေအထားမှာပဲ ဖြစ်ဖြစ် ခင်ဗျားဘယ်တော့မှ မလုပ်မယ့်အရာတွေကို hard limit လို့ သတ်မှတ်တာပါပဲ။ အများစုအတွက်ကတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်သွားနိုင်တာ၊ ဒါမှမဟုတ် လုံးဝ လက်သင့်ခံလို့မရတဲ့ အရာမျိုးတွေမှာ hard limit ထားကြတာ ဖြစ်ပါတယ်။


လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး စိတ်အခြေခံပေါ် မူတည်ပြီး ဘာမဆို ဖြစ်နိုင်တာမျိုး ပါပဲ။ ဥပမာ ဆံပင်ဖြတ်တာ/ကတုံးတုံးတာမျိုးမှာ တချို့အတွက် no limit or soft limit ဖြစ်နိုင်ပြီး တချို့အတွက်တော့ hard limit ဖြစ်နေနိုင်ပါတယ်။


ဒါကြောင့် လူတစ်ယောက်ချင်းစီဟာ hard limit နဲ့ပတ်သက်ပြီး ကိုယ့်အဖော်ကို သေချာ အသိပေးဆွေးနွေးထားဖို့ လိုပါတယ်။ ကိုယ့်အတွက် ဘာမဟုတ်တာလေးဟာ တစ်ခြားသူအတွက်တော့ သေရေးရှင်ရေး ဖြစ်နေနိုင်တာကို သဘောပေါက်ထားဖို့လိုပါတယ်။


BDSM အသိုင်းအဝိုင်းမှာတော့ (Hard) Limit ဟာ တလေးတစား လိုက်နာ ပြုမူရမယ့် အရာအဖြစ် သတ်မှတ်ထားကြပါတယ်။ Hard limit ကို ချိုးဖောက်သူ (သို့မဟုတ်) soft limit ကို နားလည်မှု ဆွေးနွေးမှု မယူပဲ ချိုးဖျက်သူကို dangerous player အဖြစ် သတ်မှတ် တံဆိပ်ကပ်ပါတယ်။ (ဒီမှာတော့ မသိပေမယ့်) သူတို့ ဆီက BDSMer တွေကတော့ ဒီလို လုပ်သူကို အသိုင်းအဝိုင်းထဲကနေ ထုတ်ပယ်/ဖဲကျဉ်လိုက်ကြ (social punishment) တဲ့အထိ လုပ်ကြပါတယ်။


Limit နဲ့ အပြောင်းအလဲ

မှတ်သားစရာ တစ်ခုကတော့ Limit ဆိုတာဟာ လှေနံဓါးထစ် ထားလို့တော့ မရပါဘူး၊ အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောင်းလဲနေတတ်တယ်ဆိုတာပါပဲ။ တချို့ limit တွေဟာ ပျောက်ကွယ်သွားနိုင်ပြီး အသစ်တွေလည်း ပေါ်လာနိုင်ပါတယ်။ ကိုယ့်အဖော်ကို ယုံကြည်စိတ်ချမှု Trust အနည်းအများအလိုက်လည်း limit တွေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ နောက်ဆုံး အဆုံးစွန်သော နေရာဖြစ်တဲ့ no limit ထိလည်း ရောက်သွားကောင်း ရောက်သွားနိုင်ပါကြောင်း။

Ref: Kink Weekly, Kinkly

Comments

Share Your ThoughtsBe the first to write a comment.
bottom of page