top of page

BDSM Dungeon နဲ့ သိကောင်းစရာများ

Jul 3, 2024

2 min read

0

7

0

Dungeon ရဲ့ မူလ သဘောကတော့ မြေအောက် အချုပ်ခန်း ဆိုရမှာပေါ့။ ဒါပေမယ့် BDSM လောကမှာတော့ လွတ်လွတ်လပ်လပ်နဲ့ ကြိုက်ရာ BDSM activity တွေ လုပ်ဖို့ ပြင်ဆင်ထားတဲ့ နေရာကို BDSM Dungeon လို့ ခေါ်ကြတာပါပဲ။ တကယ့် မြေအောက်ခန်းဖြစ်နိုင်တယ်၊ ကိုယ်နေတဲ့ အိမ်က အခန်းတစ်ခန်းလည်း ဖြစ်နိုင်သလို ဟိုတယ်အခန်းလည်း ဖြစ်နိုင်တာပါပဲ။

Dungeon တစ်ခုကို ဘယ်လို ပြင်ဆင်ကြသလဲ?



များသောအားဖြင့်တော့ ကိုယ်ကစားချင်တဲ့ နည်းအားလုံးကို ကစားလို့ရမယ့် toys and tools တွေ စုဆောင်းထားပြီး လိုက်ဖတ်ညီတဲ့ decoration and lighting တွေ ပြင်ဆင်ကြတာ ဖြစ်ပါတယ်။

နှစ်ဦးနှစ်ယောက်တည်း ကစားဖို့ ပြင်ဆင်တာလည်း ရှိသလို၊ အုပ်စုလိုက်ကစားဖို့ (သို့) BDSM party အထိ လက်ခံ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အခန်းကျယ်ကျယ်နဲ့ လိုအပ်မယ်ထင်တဲ့ ပစ္စည်းအားလုံး အဆင်သင့်ပြင်ဆင်ထားတာမျိုးလည်း ရှိပါတယ်။ (ခပ်ရိုးရိုးရှင်းရှင်းကနေ ဆန်းပြားရှုပ်ထွေးလွန်းတဲ့အထိ လုပ်နိုင်သလောက် လုပ်ကြတာမျိုးပေါ့။)

ဒါကိုပဲ တချို့ကလည်း play room or sex dungeon လို့လည်း အလွယ်ခေါ် တတ်ကြပါသေးတယ်။ ဒါပေမယ့် only sex party လုပ်ကြတဲ့ swinger or orgy တွေနဲ့ မတူကွဲပြားတာလည်း သတိထားဖို့ လိုပါတယ်။ BDSM dungeon ဟာ BDSM activity တွေပဲ သီးသန့် ကစားကြတာ ဖြစ်ပါတယ်။


BDSM Dungeon Party!!

ဒီလို သီးသန့် နေရာမျိုးမှာမှ BDSM အသိုင်းအဝိုင်းတွေဟာ ပါတီလည်း လုပ်လေ့ ရှိပါတယ်။ ဒီလို ပါတီမျိုးမှာတော့ ကစားနည်း အမျိုးမျိုး ကစားဖို့အတွက် လူပေါင်းစုံ စုဝေးကြပါတယ်။ Role အမျိုးမျိုး gender အမျိုးမျိုး အစုံအလင် စုပေါင်း ကစားကြတာ ဖြစ်ပြီး လေ့လာသူတွေ လည်း အပါအဝင်ပေါ့။

နောက်ပြီး ဒီလို ပါတီမျိုးဟာ တချို့သော public play ကစားချင်သူတွေ အတွက်လည်း သီးသန့် ဖန်တီးထားတဲ့ နေရာမျိုး ဖြစ်လာပါတယ်။ (တစ်ခုတော့ ရှိပါတယ် BDSM အသိုင်းအဝိုင်းက လူတွေ ကြားမှာပဲ public play တာ ဖြစ်ပါတယ်။)

BDSM Party or BDSM Dungeon Party ဟာ Munch လို့ ခေါ်ကြတဲ့ BDSM ပုံမှန် တွေ့ဆုံပွဲနဲ့တော့ မတူပါဘူး။ Munch က ပုံမှန် စကားပြောကြ အတွေ့အကြုံတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို စကားစမြည်ပြောကြတာလောက်မျှပါပဲ။ ဘာ ကစားနည်းမှ မကစားပါဘူး။


Dungeon Monitor or Master (DM)

ဒါကတော့ ပါတီ လုပ်တဲ့ အခါမှာ ဦးဆောင်သူ ထိန်းကျောင်းသူကို ခေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ သူက ကစားခန်းကြီး တစ်ခုလုံးကို ထိန်းကျောင်းရသူ ဖြစ်တာကြောင့် သူ့မှာ ကစားနေသမျှအားလုံးကို ရပ်ခိုင်းမယ်ဆို အားလုံးက ရပ်ပေးရမယ့်အထိ သြဇာအာဏာ လုပ်ပိုင်ခွင့်‌ပေးထားရပါတယ်။ ဒီလို လုပ်တဲ့သူဟာ top role မှ မဟုတ်ပါဘူး ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။


တစ်ခုပဲ ရှိတာက DM ဟာ BDSM နဲ့ ပတ်သက်ရင် အတော် ပေါက်ပေါက်မြောက်မြောက်သိသူ အတွေ့အကြုံ ကြွယ်ဝသူနဲ့ ယုံကြည်စိတ်ချရသူ ဖြစ်ဖို့တော့ လိုပါတယ်။ သူတို့ဟာ ကစားနေသူတွေရဲ့ safety အတွက် အဓိက တာဝန်ယူပေးရသူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ အတော်လေး ပါဝင်သူများတဲ့ ကစားခန်း (သို့) ပါတီမှာဆိုရင် ကစားနေသမျှ တစ်စု တစ်ဖွဲ့ချင်းမှာ DM တွေ ထားပြီး အားလုံးရဲ့ အချုပ်အဖြစ် Chief Dungeon Master ထားတာမျိုးတောင် ရှိပါတယ်။


စာတအား ရှည်သွားမှာ စိုးလို့ နောက်များမှပဲ BDSM Dungeon Party တစ်ခုလုပ်ရင် သိထားသင့်တဲ့ Dos and Don’ts တွေကို ထပ်ရေးပါဦးမယ်။

အားလုံးအဆင်ပြေလာကြမယ့် တစ်နေ့နေ့မှာတော့ ဒါမျိုးတွေ ကိုယ့်ဆီမှာလည်း ပုံမှန်လို ဖြစ်လာမယ်လို့ မျှော်လင့်ရတာပါပဲ။


(အခုအချိန်တော့ ဒါမျိုး ဝါသနာပါသူတွေ အဖို့ ကိုယ်တိုင်ကစားဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရင်းနှီးသူအချင်းချင်းကြား မျှဝေ ကစားကြဖို့ပဲ ဖြစ်ဖြစ်တော့ လုပ်ဖို့က မခက်လှပါဘူး၊ ပါတီလုပ်ဖို့အတွက်ကတော့ တာဝန်ကြီးပြီး စီးပွားရေးဆန်ဆန် လုပ်မှပဲ ရမှာပါပဲ။ သူတို့ဆီလည်း ဒီလိုပဲ လုပ်နေကြတာပါပဲ၊ တစ်ခုပဲ သူတို့ဆီမှာတော့ ပတ်ဝန်းကျင်ကို သိပ် ဂရုစိုက်စရာ မလိုဘူးပေါ့၊ ကိုယ်တွေ ဆီမှာ လုပ်ရင်တော့ တခြားသူတွေ မရိပ်မိအောင်လည်း သတိထားရမယ့် သဘောပါပဲ။)


#Playroom #Dungeon #BDSM

Comments

Share Your ThoughtsBe the first to write a comment.
bottom of page