top of page

ANAL SEX POSITION များနှင့် ကြိုတင်ပြင်ဆင်မှု

Aug 4, 2024

3 min read

1

68

0

Vanilla sex နဲ့ ကွဲထွက်လာကတည်းက BDSMer တွေထဲမှာ ပုံမှန်ဆက်ဆံမှုကို ကျော်လွန်ပြီး Oral and Anal တွေနဲ့ပါ လိင်ဆက်ဆံမှု လုပ်ကြတာ ထူးပြီး မဆန်းပါ။ တစ်ဖက်မှာလည်း သတိထားစရာ သိထားစရာတွေတော့ ရှိတာပေါ့လေ။


ဒါကြောင့် Anal နဲ့ သွားချင်သူ သွားမယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်ရာမှာ သိထားသင့်တာတွေနဲ့ ဆက်ဆံမှု ပုံစံတချို့အကြောင်း ရှာဖွေထားတာတွေ ပြန်မျှဖို့ ဒီ post ကို ရေးလိုက်တာပါ။ (oral အတွက် နောက်များမှ အလျဉ်းသင့်ရင် ရေးပါဦးမယ်)။ ကျန်းမာရေးဆိုင်ရာနဲ့ တခြားသော ဆောင်ရန် ရှောင်ရန်တွေကတော့ အတော်များများက ရေးထားကြတာရှိပါတယ်၊ ဒါကြောင့်လည်း ဒီမှာတော့ anal sex လုပ်မယ်ဆို ကြိုတင်ပြင်ဆင်မှု လုပ်သင့်တဲ့ အပိုင်းတွေနဲ့ ဆက်ဆံရာမှာ အသုံးဝင်မယ့် နည်းလမ်း (position) ကိုပဲ ဦးစားပေး ရေးထားပါတယ်။


ပထမဆုံး anal လို့ ဆိုလိုက်တာနဲ့ အများစု (သို့) အတွေ့အကြုံမရှိသူ တွေအဖို့ကတော့ နည်းနည်း စိုးရိမ်စရာ လန့်စရာ ဆက်ဆံနည်းလို့ ထင်ချင်စရာပါပဲ။ သူများတွေ ပြောတာ ကြားဖူးတာလည်း ရှိမယ်၊ ဥပမာ လေလည်ချင်လာတာတို့ ၊ နာကျင်တာတို့ပေါ့။


တကယ်လည်း ဟုတ်ပါတယ်၊ သေချာ ပြင်ဆင်မှုမရှိရင်၊ ခံစားချင်စိတ် မရှိရင် ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကစားမယ်ဆို ကျေနပ်မှုရဖို့တော့ လိုတယ်မဟုတ်လား။ ဒီအတွက် ကစားရာမှာ သက်သောင့်သက်သာနဲ့ လိုချင်တဲ့ ရလဒ် ရဖို့ ကြိုတင်ပြင်ဆင်သင့်တဲ့ ၃ မျိုးကို အောက်မှာ လေ့လာကြည့်ပါ။

အလွယ်မှတ်ရင်တော့ 3D ပေါ့ (Dieting, Douching and Dilating)။


၁။ အစားအသောက် (dieting)

ခင်ဗျားရဲ့ နောက်ဒွါရဟာ ကျန်းမာရေးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုထဲမှာ ပါပါတယ်၊ သူက ခင်ဗျားစားတာတွေကို ပြန်စွန့်ထုတ်တဲ့ အင်္ဂါပါ။ ဒီအထဲကို တစ်ခုခု ဖြတ်သန်းတာ ဝင်ရောက်တာတွေ အဆင်ပြေချောမွေ့ စေဖို့ဆိုရင် ခင်ဗျားရဲ့ အစားအသောက်ပုံစံဟာလည်း အရေးကြီးပါတယ်။ ပြောရရင် စအိုလမ်းကြောင်းထဲ တတ်နိုင်သမျှ ရှင်းလင်းနေဖို့ပေါ့။


ဒီအတွက် အကောင်းဆုံး အစားအစာကတော့ အမျှင်ဓာတ် (fiber) ကြွယ်ဝတဲ့ အစားအစာတွေပါပဲ၊ anal ကစားဖို့ စဉ်းစားပြီဆိုရင် တစ်ရက် နှစ်ရက်ကတည်းက ကြိုတင်ပြီး အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ ဥပမာ၊ ပဲအမျိုးမျိုး၊ သစ်သီးခြောက်၊ ပန်းပွင့်၊ ထောပတ်သီး စတာတွေကို များများစားပေးဖို့လိုပါတယ်၊ နောက်တစ်ခုကတော့ ရေလည်း များများသောက်‌ပေးဖို့ လိုပါတယ်။


ဒီလိုအစားအစာတွေဟာ ခင်ဗျားရဲ့ အနောက်ဒွါရ လမ်းကြောင်းထဲ ရှင်းလင်းနေစေအောင် ကူညီပေးပါလိမ့်မယ်။ အဲ ရာနှုန်းပြည့်ကြီးတော့လည်း သန့်စင်မနေနိုင်ဘူးပေါ့လေ။ အဲဒီအတွက် ‌နောက်တစ်မျိုးလောက် ထပ်ကြည့်ကြည့်တာပေါ့။


၂။ သန့်ရှင်းဆေးကြောခြင်း (douching)

အမျိုးသမီး အင်္ဂါယောနိ အတွင်းကို ဆေးကြောကြတာတော့ အတော်များများ သိမှာပါ။ ခုကလည်း ဒီသဘောပါပဲ။ အထူးတလည် ဆေးဝါး ပစ္စည်းကိရိယာတွေတော့ မလိုပါဘူး။ ရေနွေးနဲ့ နွေးအောင် စိုစွတ်အောင်လုပ်ထားတဲ့ ပစ္စည်းတမျိုးမျိုး (ရာဘာချောင်း လိုမျိုးဖြစ်ဖြစ် အထဲကို ထည့်သွင်းဖို့ အဆင်ပြေတာ တစ်ခုခု) နဲ့ အတွင်းထဲကို သွင်းလိုက် ဆေးလိုက် လုပ်ပေးတာမျိုးပါ။ (နားဖာကလော်သလိုပေါ့ဗျာ)

စိတ်ရှည်ရှည်ထားပြီးတော့ လုပ်ဖို့တော့ လိုတာပေါ့လေ။ သေချာလုပ်လေ သန့်ရှင်းလေ ဖြစ်တာကိုး။ ဒီဆေးကြောမှုဟာ မဖြစ်မနေ လုပ်ကို လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အစားအသောက်လည်း သေချာဂရုစိုက်မယ် ဆေးကြောသန့်ရှင်းမှုလည်း လုပ်မယ်ဆိုရင်တော့ ထိုးသွင်းဆက်ဆံရာမှာ ကြွက်သားချင်း ပွတ်တိုက်မှုအတွက် ပိုကောင်းတာ အမှန်ပါပဲ။


၃။ ချဲ့ခြင်း (Dilating)

နာကျင်မှုကို ရှောင်ရှားဖို့နဲ့ ဆက်ဆံရာမှာ ချောမွေ့ဖို့ဆိုရင် ခင်‌ဗျားတို့ အပေါက်ဟာလည်း အလိုက်သင့်တော့ ချဲ့နိုင်စွမ်း ရှိဖို့လိုပါတယ်။ ဒီအတွက်ကတော့ လေ့ကျင့်ရုံမှ တစ်ပါး အခြားမရှိပါဘူး။ ဒီအစာဟောင်း လမ်းကြောင်းဟာလည်း တခြားသော ခန္ဓာကိုယ်က ကြွက်သားတွေနည်းတူပဲ လေ့ကျင့်ပေးလို့ ရပါတယ်။

လေ့ကျင့်ဖို့က‌တော့ ပစ္စည်း (toy) တွေလိုပါမယ်၊ anal plug လိုမျိုး ဒါမှမဟုတ် အရွယ်စားကို ပြုပြင်လို့ရတဲ့ လိင်တံအတုလိုမျိုး ပစ္စည်းတွေနဲ့ လေ့ကျင့်လို့ ရပါတယ်။ လေ့ကျင့်ရာမှတော့ မလောပါနဲ့၊ ဖြည်းဖြည်းချင်း ခံနိုင်တဲ့ အနေအထား (အရွယ်အစားနဲ့ ကြာချိန်) ကနေ စတင်ပြီး လေ့ကျင့်ပါ။

... ... ... ... ...

ဒီလို ကြိုတင်ပြင်ဆင် လေ့ကျင့်တာပြီးရင်တော့ ခံရသူအဖို့ ကျေနပ်မှု ခံစားအောင် လုပ်ဖို့အတွက် သိထားသင့်တာလေးတွေလည်း ရှိပါတယ်။

ပထမဆုံးကတော့ foreplay ပေါ့၊ သူ့ ဒွါယွကို တိုက်ရိုက်ဆက်ဆံခြင်း မပြုမီ ဖြည်းဖြည်းချင်း ထိတွေ့မှုတွေ လုပ်ပေးတာမျိုးပေါ့။ စိတ်ပါလာဖို့က အရေးကြီးရုံတင်မဟုတ် ခံစားမှုကောင်းကောင်း အရသာရှိရှိဖြစ်ဖို့ မရှိမဖြစ်ကို လိုတာပါ။


ပြီးတော့ ချောမွေ့ဖို့ အတွက် အထောက်အကူလိုပါတယ်။ အမျိုးသမီး ယောနိလို သဘာဝက ချောဆီ ထုတ်မပေးတဲ့အတွက် ချောဆီကောင်းကောင်း သုံး‌ပေးဖို့ လိုပါလိမ့်မယ်။

ဒီလိုတွေ လုပ်လို့မှ သက်သောင့်သက်သာ ဖြစ်ဖို့ ခက်နေသေးရင် လိင်အင်္ဂါတွေကနေ တစ်ဆင့် လှုံ့ဆော်မှုတွေ လုပ်ပေးပါ။ (ထန်ဖို့ စိတ်ပါလာဖို့က အတော်လေး အရေးကြီးပါတယ်။)


Dominating လုပ်မယ့်သူ၊ ထိုးသွင်းဆက်ဆံမယ့်သူဖက်ကလည်း သတိထားစရာ ရှိပါတယ်။ အချိန်ယူပါ၊ အများကြီး ပြင်ဆင်ပြီးပြီမို့ အိုကေပြီလို့ လှေနံကို ဓါးထစ်မထားပါနဲ့။ ဖြည်းဖြည်းသက်သာ လုပ်ပါ၊ ကိုယ့်အဖော်ရဲ့ တုန့်ပြန်မှုကို လေ့လာပါ။ သေချာမှ ရှေ့ဆက်ပြီး လီဗာနင်းပါ။


ခုတော့ ခံစားသူအဖို့ သက်သာပြီး အရသာရှိစေနိုင်မယ့် ပုံစံ တချို့ဆီသွားပါမယ်၊ အထူးသဖြင့် စစမ်းမယ့် သူတွေ အတွက်ပေါ့။ Position ၆ မျိုးကို ပုံတွေမှာ caption ‌‌‌ရေးပေးထားပါတယ်၊ လေ့လာကြည့်ကြပါကုန်။

Note: စုဆောင်းရှာဖွေထားတာတွေကို စုပေါင်းရေးထားတာပါ။ ကျနော်လည်း ဆရာကြီးမဟုတ်ပါ။ ဒီစာဖတ်မိသူတွေထဲ ကျွမ်းကျင်သူ အတွေ့အကြုံများသူတွေ ရှိမှာပါ။ တခြားသော သိသင့်တာတွေကို comment မှာ ပြန်မျှပေးရင် တချို့တွေအတွက် အကျိုးရှိမယ် ထင်ပါတယ်။


TUCKED MISSIONARY



ဒီရိုးရှင်းတဲ့ နည်းက ကိုယ့်အဖော်နဲ့ ကိုယ် မျက်နှာချင်းဆိုင်နေတာမို့ တစ်ယောက် ခံစားချက်ကို တစ်ယောက် အကဲခတ်လို့ရတာ အားသာချက်ပါပဲ။ နောက်တစ်ခုက ခြေထောက်ကို ကွေးပြီး နေရတာမို့ ဒွါယပေါက်ကို ပိုပြီး ကျယ်ကျယ်ပွင့်နေစေနိုင်ပါတယ်။ ခံရသူအဖို့ ပိုပြီးသက်သောင့် သက်သာ ရှိစေတဲ့ ပုံစံလို့ ဆိုပါတယ်။ တင်ပါးအောင်မှာ ခေါင်းအုံးခုထားပြီးလည်း ကစားလို့ရပါတယ်။


RECEIVER ON TOP



မြင်းစီးသလိုပါပဲ။ သိပ်ထူးထူးထွေထွေ ရှင်းပြစရာ မလိုဘူးထင်ပါတယ်။ ဒီပုံစံရဲ့ အားသာချက်က ထိုးသွင်းဆက်ဆံမှုကို ခံရသူ (bottom) က ထိန်းချုပ်ထားသလို ဖြစ်နေတာပါ။ သူ့ရဲ့ ခံစားချက်အလိုက် ‌နှေးခြင်း မြန်ခြင်းတွေကို ဆုံးဖြတ်လုပ်ကိုင်လို့ ရပါတယ်။ စစချင်း‌တော့ ဖြည်းဖြည်းညှင်းစွာ လှုပ်ရှားပြီး top သမားကတော့ အလိုက်သင့်နေရုံပါပဲ၊ ပြီးရင်တော့ အရသာအရှိဆုံး လှုပ်ရှားမှု ပုံစံကို bottom က ရှာတွေ့သွားဖို့ လွယ်ကူတဲ့ position ပါပဲ။


ON YOUR STOMACH



Doggy style နဲ့ ခပ်ဆင်ဆင်ပေမယ့် ဒီပုံစံက bottom သမားအတွက် ပို သက်သောင့်သက်သာရှိစေပါတယ်။ ခေါင်းအုံးဖြစ်ဖြစ် တစ်ခုခုကတော့ ဝမ်းဗိုက်အောက် မှာ ခုထားဖို့လိုပါတယ်။ ခြေထောက်ကားထားဖို့လိုပြီး တင်ပါးကိုလည်း မြှင့်တင်ပေးထားရမှာ ဖြစ်ပါတယ်။ ဒီပုံစံက အတိမ်အနက် ဘယ်လောက်ထိသွားနိုင်မလဲကိုလဲ သိသာအောင် ကူညီပေးနိုင်ပါတယ်။


SPOONING POSITION



ဒီပုံစံကတော့ နှစ်ဦးသားထိတွေ့မှုကို ပိုအားပေးထားတဲ့ ပုံစံပါ။ နောက်ကနေတဲ့ top ဟာ bottom ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်‌းတွေကို ကိုင်တွယ် ကစားပေးလို့ ရသလို၊ bottom ကလည်း မိမိရဲ့ အင်္ဂါကို ကစားပေးလို့ ရပါတယ်။ ခြေထောက်ကြားမှာ ခေါင်းအုံးကို ခံပေးထားတာကတော့ ဆက်ဆံရ လွယ်ကူ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။ နောက်ပြီး bottom ကလည်း သူ့ရဲ့ တင်ပါးကို ရှေ့တိုးနောက်ဆုတ် ကစားနိုင်တာ အားသာချက်ပါပဲ။


DOGGY



အထူးတလည် ရှင်းပြစရာလိုမယ် မထင်ပါ၊ အားလုံးသိကြတဲ့ doggy ဖြစ်ပါတယ်။ Anal sex နဲ့ ပတ်သက်လို့ ညွှန်းကြရင် အမြဲမပါမဖြစ် ပုံစံပါပဲ။ အဓိက အကြောင်းအရင်းက beginner တွေ အတွက် အကောင်းဆုံးနဲ့ တခြား ပုံစံကွဲတွေကို ပြောင်းဖို့အတွက်လည်း လွယ်ကူလို့ပါ။




CHAIR STRADDLE



ဒါကတော့ မြင်းစီးတာနဲ့ သိပ်မကွာပါဘူး။ ထိုင်ခုံသုံးလိုက်တဲ့ အတွက် လှဲနေတာထက်စာရင် ပိုပြီး လှုပ်ရှားရတာ လွတ်လပ်ပါတယ်။ ပြီးတော့ မျက်နှာချင်းဆိုင် ကြည်နူးယုယမှုတွေလည်း ယူလို့ပါတယ်။ ဒါမှမဟုတ်လည်း bottom က ကျောပေးပြီး ထိုင်မယ်ဆိုလည်း အဆင်ပြေပါသေးတယ်၊ (ကစားကြည့်ပြီး ကိုယ်ပိုကြိုက်တဲ့ ပုံစံ ရွေးနိုင်တာပေါ့။) ထိုင်သူဟာ အမျိုးသမီးဖြစ်မယ်ဆိုရင် မျက်နှာချင်းဆိုင် ထိုင်တာက သူ့ရဲ့ အင်္ဂါနဲ့ top ရဲ့ ခန္ဓာကိုယ်နဲ့ ပွတ်တိုက်မှုရစေတာလည်း အားသာချက် တစ်ခုပေါ့။



Comments

Share Your ThoughtsBe the first to write a comment.
bottom of page